TV Schedule
ဗွီအိုအေ မြန်မာ မနက်ခင်း (ဒီဇင်ဘာ ၁၁၊ ၂၀၂၂)
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေ ပူတင်ရဲ့ယူကရိန်းကျူးကျော်မှုကို ရှုတ်ချ ၊နိုင်ငံတကာလူ့အခွင့်အရေးနေ့ နယူးယောက်မှာ မြန်မာတွေ ဆန္ဒပြ ၊ မော်ရိုကို နဲ့ ပြင်သစ် ဆီမီးဖိုင်နယ်တက် စတဲ့ သတင်းတွေအပြင် TNLA ဌာနချုပ်ကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်၊ ဒုက္ခသည်စခန်းက မြန်မာတွေ ဆန္ဒပြကြ စတာတွေနဲ့ အတူ အပတ်စဉ် ကဏ္ဍတွေ။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၂)
မိလ္လာပိုက်တွေပြုပြင်ထိန်းသိမ်းနိုင်တဲ့ ဂျပန်က ပင့်ကူစက်ရုပ်များ၊ စင်တာဘိုးဘိုးတွေ အပြေးပြိုင်တဲ့ပွဲ၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ ကိုဗစ်နောက်ဆက်တွဲ နှလုံးဝေဒနာအကြောင်း လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်သူတွေ ရှိထားတတ်တဲ့ ပန်းရောင်ကဒ်အကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၁၁၊ ၂၀၂၂)
နောက်ဆုံးပေါ် အဆင့်မြင့်လက်နက်တွေ ထုတ်ဖို့ ရုရုားကြိုးပမ်း၊ ကိုဗစ်ကူးစက်မှု တိုးလာလို့ ကုသရေး ပိုမိုထိရောက်ဖို့ တရုတ်ပြင် စတဲ့ နောက်ဆုံးသတင်းတွေ၊ ပင်လယ်ပြင်ထဲ အသက်နဲ့ရင်း ခရီးနှင်နေကြတဲ့ ရိုဟင်ဂျာတွေအကြောင်း သတင်းဆောင်းပါး၊ ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့ မြန်မာ့ မီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စုများ၊ မြန်မာပြည်မှပေးစာနဲ့ ထူးခြားဆန်းပြား အပတ်စဉ် အစီအစဉ်တွေ တင်ဆက်ထားပါတယ်။