TV Schedule
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (နိုဝင်ဘာလ ၁၁ ရက်)
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (နိုဝင်ဘာလ ၁၁ ရက်) ပိုလန်- ဘယ်လားရုစ် နယ်စပ် ရွှေ့ပြောင်းဝင်ရောက်သူ ပြဿနာ လုံခြုံရေးကောင်စီဆွေးနွေး တဲ့သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ယင်းမာပင်အနီးတဝိုက် မြန်မာစစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေ၊ မြန်မာနယ်စပ်ဖြတ်ကျော် အကူအညီတွေ ခွင့်မပြုတဲ့ အခြေအနေ၊ ရိုဟင်ဂျာအပါအဝင် အထောက်အထားမဲ့ မြန်မာ ၅၀၀ ထက်မနည်း ထိုင်းမှာ ဖမ်းဆီးခံရတာ စတာတွေနဲ့ အတူ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစားကဏ္ဍ စတာတွေကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၁-၂၀၂၁)
မြန်မာနိုင်ငံမှာ လတ်တလော ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဖို့၊ အရပ်သားတွေရဲ့ လုံခြုံမှုကို အာမခံဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တောင်းဆို၊ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနဲ့ အာဆီယံနဲ့ လက်တွဲ လုပ်ဆောင်နိုင်ရေး ကိစ္စတွေကို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး တို့ဆွေးနွေး
ဗွီအိုအေ ကြာသပတေးည ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်
နိုဝင်ဘာ ၁၁ - ယူကေနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲမှာ မြန်မာ့အရေးပါဝင်ခဲ့တယ်ဆိုတဲ့ သတင်း အပါအဝင် မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းများ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှုအတွက် နိုဝင်ဘာ ၂၅ မှာ သက်သေတွေ စစစ်တော့မယ်၊ ပြည်တွင်း စစ်ဘေးဒုက္ခသည်တွေကို လူသား စာနာမှုအကူအညီပေးသူတွေ အခက်အခဲ မျိုးစုံ ကြုံနေရ၊ မောင်တောမှာ AA နဲ့ စစ်တပ် ကြား ပစ်ခတ်မှုထပ်ဖြစ်၊ လိုင်ဇာမှာ ကိုဗစ် ကူးစက်သူ ပိုများလာ။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး ကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ။