TV Schedule
၀၆:၀၀ - ၀၇:၀၀
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာလ ၁၁၊ ၂၀၂၁။
ထိုင်းဘက်မှာ ဖမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၀၀ လောက်ကို မြန်မာဘက် ပြန်လည် လွှဲပြောင်းပေးတဲ့ အကြောင်း သတင်းဆောင်းပါးကို နားဆင်ရပါမယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တွန်းလှန်မှုတွေ အပေါ် နွေဦးတော်လှန်ရေး ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းနဲ့ ဆွေးနွေးထားတဲ့ မြန်မာ့ရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာဆိုင်ရာ သတင်း ကောက်နုတ်ချက်၊ မြန်မာပြည်က ပေးစာနဲ့ သတင်းတွေထဲက သုတ အပတ်စဉ် ကဏ္ဍတွေကို နားဆင်ကြပါမယ်။
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၁၁-၂၀၂၁)
ကာတာနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုနဲ့ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြောင်း တာလီဘန်ပြော၊ အမေရိကန် အစိုးရ ငွေချေးယူနိုင်တဲ့ ပမာဏကို လွှတ်တော်က မဖြစ်မနေ ထပ်တိုးဖို့ အရေးကြီးတဲ့ အကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Janet Yellen သတိပေး၊ စွဲဆိုထားတဲ့ အမှုတွေကို ကျန်းမာရေးအခြေအနေကြောင့်တပတ်ခြား စစ်ဆေးပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တောင်းဆိုထားတာကိုတရားရုံးကပယ်ချ