TV Schedule
ဇန်နဝါရီ ၁၁၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းတပ်တွေကို Patriots မစ်ဇိုင်းဒုံး အသုံးပြုနည်း အမေရိကန်သင်တန်းပေးမည်၊ ကိုရီးယားနဲ့ ဂျပန်ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ တရုတ်ဆိုင်းငံ့ စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီလ ၁၁၊ ၂၀၂၃)
ရုရှား လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ နဲ့ တူရကီ နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယူကရိန်း လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ က ပြောပါတယ်။မြောက်ကိုရီးယားဘက်က မစ်ဇိုင်းဒုံးကျည် စမ်းသပ်ပစ်ခတ်တာတွေ တိုးလာတာပြီး နျုးကလီးယားလက်နက်နဲ့ ခြိမ်းခြောက်နေတာတွေဟာ အထူး အလေးအနက်ထားရမယ့် ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတ ကပြောပါတယ်။ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ ထွန်းမင်းလတ် နေအိမ်ကနေ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမီးနဲ့ သားရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းနဲ့ ဘဏ်စာအုပ်တွေကို ထိုင်းတာဝန်ရှိသူတွေ ရှာတွေ့ရှိခဲ့တဲ့အကြောင်း ရိုက်တာ သတင်းမှာဖော်ပြ ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၁၁ ၊ ၂၀၂၃
CNF ဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီ ဒီကနေ့ လေကြောင်းကနေ ထပ်မံတိုက်ခိုက်၊ ပုလဲမှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်၊ နေအိမ်တွေ မီးရှို့ခံနေရ၊ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး စတာတွေနဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့ ဆွေးနွေးသုံးသပ်ချက်၊ အားကစားကဏ္ဍတို့ကို နားဆင်ရမှာပါ။