သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV Schedule

၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၁၀-၂၀၂၁)

မြန်မာနိုင်ငံမှာ လုပ်အားအဓမ္မခိုင်းစေမှုတွေဟာ စိန်ခေါ်မှုအသစ်ပုံစံနဲ့ ရှိနေဆဲပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric ပြော၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို လုပ်ကြံ ကြံစည်မှုဟာ အမေရိကန်ပြည်တွင်းရေးအမှုသာ ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အကူအညီပေးရေးအဖွဲ့တွေက COVID-19 ရောဂါကာကွယ်ဆေး ဒီကနေ့ စထိုးပေးနေ ... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။

၂၁:၀၀ - ၂၂:၀၀

VOA ရဒေီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ်၁၀၊၂၀၂၁)

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။မြန်မာပြည်သူတွေအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း၅၀ကျော်ထောက်ပံ့မယ်လို့ အမေရိကန်ပြည်ထောင်စုကြေညာ၊ပြည်တွင်းမှာပဲ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ မြန်မာစစ်ခေါင်းဆောင်တိုက်တွန်း၊ ရန်ကုန်မြို့တွင်းနေရာသုံးနေရာမှာ ဗုံးငါးလုံးဆက်တိုက်ကွဲ၊ ဖလမ်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ အရပ်သားတဦးသေဆုံး၊ ဖရူဆိုနဲ့ဖယ်ခုံမှာ မြန်မာစစ်တပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်၊ ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံတဲ့ သတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေ့စကားဝိုင်းအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG