TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း၊ ဇူလိုင် ၁၀၊ ၂၀၂၂
ရုရှားနဲ့ပူးပေါင်းမှုအတွက် တရုတ်ကို အမေရိကန်သတိပေး၊ သီရိလင်္ကာသမ္မတ ရာထူးကထွက်ပေးဖို့လက်ခံ၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ လားဟူအဖွဲ့တောင်းဆို စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဇူလိုင် ၁၀ ရက်၊ ၂၀၂၂
အစာအိမ်နဲ့ အူလမ်းကြောင်းအပေါ်ပိုင်း အဖြစ်များတဲ့ ရောဂါတွေအကြောင်း လူထုနဲ့ကျန်းမာရေး၊ တံတားပေါ်က ရထားဟော်တယ် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇူလိုင် ၁၀ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၁၀၊ ၂၀၂၂။
စစ်ကောင်စီ တာဝန်ခံမှု တာဝန်ယူမှု ရှိလာရေး အတွက် အာဆီယံ နိုင်ငံတွေ ဖိအားပေးကြဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တိုက်တွန်း၊ မြန်မာ အတိုက်အခံ တချို့နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဘန်ကောက်မှာ တွေ့ဆုံ၊ လုံခြုံမှုနဲ့ အကူအညီ လိုအပ်နေတဲ့ သောင်းနဲ့ချီတဲ့ ရခိုင် စစ်ရှောင်တို့ အခြေအနေ၊ ကမ္ဘာ့ မြန်မာ့ မီဒီယာ မြင်ကွင်း၊ မြန်မာပြည်က ပေးစာ၊ သတင်းတွေထဲက သုတ၊ ထူးခြား ဆန်းပြား သတင်းများ အစီအစဉ်တို့ကို နားဆင်ရပါမယ်။