TV Schedule
စနေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇူလိုင် ၁၀ ရက်၊ ၂၀၂၁)
အာဏာသိမ်းပြီး ၅ လကြာ ရှိနေဆဲ ဆန္ဒပြမှုတွေ၊ နေရာအနှံ့ ပေါက်ကွဲမှုတွေနဲ့ စစ်ကောင်စီကြောင့် အိုးအိမ် စွန့်ခွာရသူပိုများ၊ ကိုဗစ်ကူးစက်မှု အခြေအနေ တနေ့တခြား ပိုဆိုးလာ၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ ပြည်သူနဲ့ ပူးပေါင်းတဲ့ ဗိုလ်ကြီးနှင့် မေမြန်းခန်း ဒါတွေကို ၂၀၂၁ ဇူလိုင် ၁၀ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ ပြည်တွင်းကိုဗစ်ကာကွယ်ဆေးထုတ်နိုင်ဖို့ ရုရှားနဲ့ဆွေးနွေးထားတယ်လို့ မြန်မာစစ်ခေါင်းဆောင်ပြော၊ ကချင်နဲ့ စစ်ကိုင်စပ်မှာ တိုက်ပွဲတွေပြင်းထန်နေ၊ ချင်းပြည်နယ် မင်းတပ်မှာတော့ အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးဖို့သဘောတူ၊ ထိုင်းနယ်စပ်မှာ မြန်မာဖက်က မူးယစ်ဆေးဝါးဖမ်းမိ၊ ဒေါ်အောင်ဆန်းစုကြည်အမှု လေးပတ်မြောက်တရားရုံးကြားနာမှုသုံးသပ်ချက်တွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ မြန်မာ့လူ့အခွင့်အရေးအကြောင်း ဒို့အသံအစီအစဉ်နဲ့ စနေညစကားဝိုင်းတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။