TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၁၀ ရက် ၂၀၂၃
=ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၁၀ ရက် ၂၀၂၃= သမ္မတဟောင်း ထရမ့်ကို ကြီးလေးတဲ့ပြစ်မှု ၃၇ ခုနဲ စွဲချက်တင်တာ၊ မိုခါမုန်တိုင်းသင့်ဒေသ ကယ်ဆယ်ရေးသွားခွင့် ပိတ်ပင်မှုအပေါ် ကုလစိုးရိမ်ကြောင်းပြောတဲ့ သတင်းတွေအပြင် မြန်မာ့ငွေကြေးဈေးကွက် ဘာကြောင့်ဆက်ပြီး မတည်ငြိမ် ဖြစ်နေရတယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇွန်လ ၁၀ ရက်၊ ၂၀၂၃
မိုခါမုန်တိုင်းသင့်ဒေသများ ရောဂါဘယ ထူပြော၊ ဖမ်းဆီးခံသတင်းသမားများရဲ့ ရှေ့နေများကို ပိုတိုးအရေးယူ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို အာဆီယံ ထပ်တိုက်တွန်း၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ လယ်ယာသုံး စက်ပစ္စည်းတွေ ဝယ်ဖို့အတွက် မြန်မာ့စိုက်ပျိုးရေးဘဏ်က ငွေချေးဖို့ပြောအပါအဝင် လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံရေးအပြောင်းအလဲ မြန်မာကို ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာ ထိုင်းညွန့်ပေါင်းမှာပါမယ့် မြန်မာနွယ်ဖွား ထိုင်းအမျိုးသမီးနဲ့ တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၃၊ ဇွန် ၁၀ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန် ၁၀ ရက်၊ ၂၀၂၃)
Starlink ဂြိုလ်တုဆက်သွယ်ရေး ကရင်နီဒေသမှာ ရရှိ၊ အမေဇုန်တောထဲ ပျောက်နေတဲ့ ကလေး ၄ ယောက် ရက် ၄၀ အကြာမှာ ပြန်တွေ့တဲ့ သတင်းတွေအပြင် လူထုတော်လှန်သပိတ်တွေ ရပ်မသွားတဲ့ စစ်ကိုင်းဒေသအကြောင်း ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။