TV Schedule
၂၀၂၂ ခုနှစ် ဇွန်လ ၁၀ ရက် သောကြာနေ့မနက် VOA ရေဒီယို အစီအစဉ်
ယူကရိန်းဘက်က ဝင်တိုက်တဲ့ ဗြိတိန်နဲ့ မော်ရိုကို နိုင်ငံသားတွေကို Donetsk တရားရုံး သေဒဏ်ပေးလိုက်ပါတယ်။ ဒီသတင်းပတ်ကုန် စင်္ကာပူမှာပြုလုပ်မယ့် ရှန်ဂရီလာဆွေးနွေးပွဲမှာ နှစ်ဘက်တင်းမာမှုရှိနေတဲ့ တရုတ်နဲ့အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ့ဆုံဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ ၃ ရက်အတွင်း စိတ်ကြွဆေးအလုံး ၁၆ သန်းကျော် ဖမ်းမိခဲ့ပါတယ်.. စတဲ့သတင်းနဲ့ သတင်းပေးပို့ချက်တွေ အပြီးမှာတော့ ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးအစီအစဉ်နဲ့ တိုင်းရင်းသတင်းလွှာစတဲ့ အပတ်စဉ်ကဏ္ဍတွေ နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၀-၂၀၂၂)
အမေရိကန် မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်က လွှတ်တော်အဆောက်အအုံကို ဆန္ဒပြသူတွေ စီးနင်းတိုက်ခိုက်ခဲ့တဲ့ကိစ္စ လွှတ်တော် စုံစမ်းရေးကော်မတီက အများပြည်သူ ကြားနာပွဲ ကျင်းပ၊ ယူကရိန်း အရှေ့ပိုင်း Sievierodonetsk မှာ ယူကရိန်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ရုရှား ပြော၊ လက်တင်အမေရိကား နဲ့ ကာရေဗီယန်ကျွန်းနိုင်ငံက ခေါင်းဆောင်တွေကို ဒီသီတင်းပတ်အတွင်း အမေရိကန်သမ္မတ Biden တွေ့
ဗွီအိုအေရေဒီယိုညပိုင်း ဇွန်၁၀၊၂၀၂၂
ကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Chollet မယ်လဒုက္ခသည်စခန်း သွားရောက်၊ Shangri-La လုံခြုံရေးအစည်းအဝေးအတွင်း မြန်မာ့အရေးဆွေးနွေးမည်၊ တပ်စခန်းသုံးခုရုပ်ဖို့ စစ်ကောင်စီတောင်းဆိုမှု ရှမ်းမြောက်တပ်ငြင်းပယ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အမျိုးသမီး၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ထားပါတယ်။