TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း မေ၁၀၊၂၀၂၃
အာဆီယံ လမ်းဆုံလမ်းခွရောက်နေလို့ အင်ဒိုဝန်ကြီးသတိပေး၊ ရေဦးမြို့နယ်တွင်း ကြားကာလပညာရေးစာသင်ကျောင်းဗုံးကြဲခံရ စတဲ့သတင်းတွေနဲ့အပတ်စဉ်ကဏ္ဍတွေမှာ အမေရိကန်နိုင်ငံရေး၊ဆိုရှယ်မီဒီယာပေါ်လူကြည့်များသတင်း၊ကမ္ဘာတလွှားခရီးသွား၊နေရာပေါင်းစုံအကြောင်းစုံ အစီအစဉ်တွေထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၀၊ ၂၀၂၃)
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုအားလုံး ရပ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီကို ဘေးကင်းလုံခြုံစွာ ပေးပို့နိုင်ရေး အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံက ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းက ဆင်းရဲတဲ့ နိုင်ငံတချို့မှာ လူမှောင်ခိုသမားတွေက အွန်လိုင်းကနေ လိမ်လည်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကတိပြုခဲ့ကြပါတယ်။မဂ္ဂဇင်း အကြံပေးကဏ္ဍ ပင်တိုင်ဆောင်းပါးရှင်ဟောင်း E. Jean Carroll ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ဒေါ်လာ ငါးသန်းပေးလျော်ဖို့ နယူးယောက်မြို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမယ့်အကြောင်း အမေရိကန် သမ္မတဟောင်း Donald Trump တုံ့ပြန်ထား ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။