TV Schedule
ဗွီအိုအေမြန်မာမနက်ခင်း ဧပြီ ၁၀၊၂၀၂၃
ရိုဟင်ဂျာတွေတရားမျှတမှုရစေရေး ပုပ်ရဟန်းမင်းကြီးဆုတောင်း၊ တရုတ်စစ်သင်္ဘောချဉ်းကပ်မလာဖို့ တိုင်ဝမ်ကမ်းစောင့်တပ် သတိပေးခဲ့. စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ဒီမိုကရေစီဆွေးနွေးခန်း၊ မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာနဲ့ ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဧပြီ ၁၀၊ ၂၀၂၃)
ဘဲလားရုစ် သမ္မတ Alexander Lukashenko က သူနိုင်ငံအနေနဲ့ ရုရှားဆီကနေ လုံခြုံရေး အာမခံချက် လိုတယ်လို့ ပြော၊ ထိုင်ဝမ်ခွဲထွက်ရေး လိုလားတဲ့ တပ်ဖွဲ့တွေရဲ့ ရန်စမှုကို သတိပေးတဲ့အနေနဲ့ တရုတ်ကပူးတွဲစစ်ရေးလေ့ကျင့်၊ ဘင်္ဂလားပင်လယ်အော်အတွင်း ကိုးကိုးကျွန်းကိုတရုတ်နိုင်ငံရဲ့ ကြားခံ ဆက်သွယ်ရေး ထောက်လှမ်းရေး စခန်းတခုအဖြစ် အသုံးချနေတယ်ဆိုတဲ့ အိန္ဒိယနိုင်ငံဘက်က စွပ်စွဲချက်တွေအပေါ် တရုတ်က ငြင်း
ဗွီအိုအေ မြန်မာညချမ်း ဧပြီ ၁၀၊ ၂၀၂၃
သြစတြေးလျအနေနဲ့ ဒီမိုကရေစီအရေး ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်း၊ ဘယ်လာရွတ် သမ္မတ က ရုရှားကို အကူအညီတောင်း၊ ကာဒီနယ်ချားဘို က အီစတာ ဆုတောင်း စတဲ့သတင်းတွေနဲ့ ချင်းပြည်နယ်မှာ လေကြောင်းကနေ တိုက်ခိုက်၊ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းဖက်က ပြန်မောင်းထုတ် ၊ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီက ပိတ်ဆို့စတဲ့သတင်းပေးပို့ချက်နဲ့ အပတ်စဉ်ကဏ္ဍ ။