TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၁၀-၂၀၂၀)
- ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပြန့်နှံ့ရာ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်ထဲက ဝူဟန်မြို့ကို တရုတ်သမ္မတ ရှီကျင့်ဖျင် ဒီကနေ့ သွားရောက်ပါတယ်။ - ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ရေနံဈေး ကျတာတွေကြောင့် အထိနာခဲ့တဲ့ ကမ္ဘာ့ အစုရှယ်ယာဈေးတွေ ဒီကနေ့တော့ အနည်းငယ် ပြန်တက်ပါတယ်။ - မြန်မာနိုင်ငံမှာ ဒီနှစ်ဟာ ရွေးကောက်ပွဲတွေ ကျင်းပမယ့်နှစ်ဖြစ်တာမို့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ မဲပေးခွင့်တွေ တန်းတူရရှိရေးအတွက် အထူးစောင့်ကြည့် အကဲဖြတ်ကြရမယ်လို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်က ပြောဆိုပါတယ်။