TV Schedule
ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
တူရကီ၊ ဆီရီးယား ငလျင်ကြောင့် သေဆုံးသူ ၂ သောင်းကျော်အထိတိုး၊ မြန်မာ့အရေး ဖြေရှင်းရာမှာ ထိုင်းနိုင်ငံပါဝင်ဖို့ မလေးရှားဝန်ကြီးချုပ်တိုက်တွန်း စတာတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ် ။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃)
လွတ်လပ်ရေး နဲ့ နယ်မြေပိုင်စိုးရေး လိုအပ်သ၍ ယူကရိန်း ကို ဥရောပ သမဂ္ဂ က ဆက်လက် ပံ့ပိုးမယ်လို့ ဂျာမန် ဝန်ကြီးချုပ် Olaf Scholz ပြော၊ တူရကီနဲ့ ဆီးရီးယား နယ်စပ်မှာလှုပ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ ၂ သောင်းကျော်အထိ ရှိ၊ အမေရိကန် လေပိုင်နက်ထဲ တရုတ်မိုးပျံပူပေါင်း ရောက်လာခဲ့တာကို အဓိက လုံခြုံရေးကျိုးပေါက်မှုအဖြစ် ရှု့မြင်ခဲ့ခြင်း မရှိခဲ့ဘူးဆိုပြီး အမေရိကန် သမ္မတ Joe Biden ကို လွှတ်တော်အမတ်တွေ ဝေဖန်
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃
ကန်ပိုင်နက် တရုတ်ရဲရဲတင်းတင်းကျူးကျော်လို့ အောက်လွှတ်တော်ဆုံးဖြတ်၊ ဒုသမ္မတဟောင်း Pence ကိုရုံးတော်လာဖို့ဆင့်ခေါ်၊ နောင်ချိုတိုက်ပွဲ စစ်တပ်လေကြောင်းနဲ့တိုက်ခိုက်၊ စစ်တပ်ဒီဇယ်ပေပါတွေ ကာကွယ်ရေးအဖွဲ့သိမ်းယူ၊ ပုလောမှာ တိုက်ပွဲရက်ဆက်ဖြစ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။