TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း (ဒီဇင်ဘာလ ၁၀ ရက်၊၂၀၂၃)
ဗွီအိုအေမြန်မာနံနက်ခင်း (ဒီဇင်ဘာလ ၁၀ ရက်၊၂၀၂၃) ဂါဇာကို အစ္စရေး အပြင်းအထန်တိုက်ခိုက်၊ ရုရှားရွေးကောက်ပွဲ သိမ်းပိုက်ခံ ယူကရိန်းနယ်မြေတွေမှာပါ ပြုလုပ်မည် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ဒို့အသံ၊ ဒီမိုကရေစီနဲ့ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွား၊ ဥတုရာသီနဲ့အနာဂတ် အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၃
ဒေါသထွက်တဲ့အခါ ကြိုက်သလောက်ပေါက်ကွဲနိုင်တဲ့ နေရာ၊ သွေးလူးပြီး ဆန္ဒပြခဲ့ကြသူများ စသည့် ထူးခြားဆန်းပြားသတင်းများ၊ ဂျပန်မှာ သွားအလုပ်လုပ်ချင်သူတွေအတွက်လိုအပ်တဲ့ အချိန်၊ငွေကြေး ဒါတွေ စုံစမ်းပေးထားတဲ့ GenZ အစီအစဉ်၊ နောက်တော့ ထိုင်းကိုသွားရောက်စွန့်စား အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အတွေ့အကြုံ အကြောင်း နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဒီဇင်ဘာ ၁၀၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၁၀၊ ၂၀၂၃)
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၁၀၊ ၂၀၂၃) ဂါဇာမှာ သေဆုံးသူ ၁၈,၀၀၀ နီးပါးရှိကြောင်း ဟာမတ်စ်ကျန်းမာရေးဌာန ကြေညာ၊ မြန်မာ့အရေး လုံခြုံရေးကောင်စီ ပျက်ကွက်မှု ကုလအတွင်းရေးမှူးချုပ် သတိပေး၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။