TV Schedule
၁၉:၀၀ - ၁၉:၃၀
ဗွီအိုအေ တပတ်အတွင်းသတင်း (ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၂)
ကန်ကာကွယ်ရေးအသုံးစရိတ် မြန်မာကို လက်နက်မဟုတ် ဒီမိုကရေစီရေး ထောက်ပံ့ဖို့ထည့်သွင်း၊ အီရန်ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးထားသူတဦးကို ကွပ်မျက်လိုက်၊ ဒီလို မြန်မာနိုင်ငံနဲ့ ကမ္ဘာ တပတ်အတွင်းသတင်း စုစည်းတင်ပြချက်နဲ့ နောက်ပိုင်းမှာတော့ ပြည်တွင်းစစ်မီးကြောင့် စစ်ဘေးသင့်ရှောင်ပြေးနေရသူတွေ ခရစ္စမတ်ကာလ ဘာတွေတောင်းဆုပြုသလဲဆိုတဲ့ သတင်းထောက်မှတ်စုတို့ကို ၂၀၂၂ ဒီဇင်ဘာ ၁၀ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၁၀၊ ၂၀၂၂)
NUG လူ့အခွင့်အရေးဝန်ကြီး ဥရောပပါလီမန် အမတ်တွေနဲ့ တွေ့ဆုံ၊ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရဆန့်ကျင်သူ သောင်းနဲ့ချီ ဆန္ဒပြ၊ ဟောင်ကောင် မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် ၆ နှစ်နီးပါး ထောင်ချခံရ စတဲ့ နောက်ဆုံးရသတင်းတွေနဲ့ ပဋိပက္ခဒေသတွေက တပ်သားစုဆောင်းမှုတွေ အကြောင်း ဒို့အသံ နဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်တွေကို စုစည်း တင်ဆက်ထားပါတယ်။