TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာ ၁ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာ ၁ ရက် ၂၀၂၃ ဒေါ်စုအယူခံအတွက် အပယ်ချခံရတာ၊ ယူကရိန်းကောက်နှံတင်ပို့ရေး ရုရှားပြန်ပါဖို့ ကုလကြိုးစားတာ၊ စစ်ကောင်စီ Cluster ဗုံးသုံးတာကို ရှုတ်ချကြတာ၊ ကယားမှာ စစ်ကောင်စီမြေမြှုပ်မိုင်းသုံးနေတဲ့ သတင်းတွေ အပြင် ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ အပတ်စဉ်အစီစဉ်တွေကို တင်ပြပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ , စက်တင်ဘာလ ၀၁ ၂၀၂၃
အိန္ဒိယနိုင်ငံမှာ ရှေ့သီတင်းပတ် ကျင်းပမယ့် G20 နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ Joe Biden တက်ရောက်မှာဖြစ်ပေမဲ့ တရုတ် သမ္မတ Xi Jinping ကတော့ တက်ရောက်မယ့်ပုံ မရှိပါဘူး။ ဂျကာတာမှာ ရှေ့သီတင်းပတ် ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးတွေကို အမေရိကန် ဒုသမ္မတ Kamala Harris တက်ရောက်ပါလိမ့်မယ်။ ထိုင်း ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် ၈ နှစ်ကနေ ၁ နှစ် အထိ ထိုင်းဘုရင်က လျှော့ချပေးလိုက်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ စက်တင်ဘာ ၁၊ ၂၀၂၃
အာဆီယံထိပ်သီးဆွေးနွေးပွဲ အမေရိကန်ဒုသမ္မတ တက်မည်၊ အမှု မကျူးလွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အယူခံ တရားရုံးပယ်ချ၊ မြန်မာနဲ့ပတ်သက်လို့ လိမ်ညာသလိုဖြစ်ခဲ့လို့ Carlsberg ဝန်ခံ၊ Thaksin ရဲ့ပြစ်ဒဏ်တွေ ထိုင်းဘုရင်လျော့ပေါ့ပေး၊ ကန်လွှတ်တော်တိုက်ခိုက်သူ ၂ ဦး ထောင်ဒဏ်နှစ်ရှည်ချခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။