TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း ဩဂုတ် ၁၊ ၂၀၂၃
မြန်မာနိုင်ငံ ဒီမိုကရေစီအုပ်ချုပ်ရေးပြန်သွားဖို့ ကုလတိုက်တွန်း၊ “စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများ လူမျိုးသုဉ်းသတ်ဖြတ်မှုပုံစံဖြစ်နေ” Dr. ဝင်းမြတ်အေးပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ လူမှုရှုခင်း၊ သက်တံရောင်သတင်းလွှာတွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၀၁၊ ၂၀၂၃)
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့အပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တချို့ကနေ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီကြေညာ၊လွတ်ငြိမ်းပြုလိုက်တဲ့ စစ်ကောင်စီလုပ်ရပ်ဟာ လူထုကို လှည့်စားတာသာဖြစ်လို့ NUG ဝန်ကြီး ဦးအောင်မျိုးမင်းပြော၊လွတ်ငြိမ်း သက်သာခွင့်ပြုတဲ့ အကျဉ်းသား ပေါင်း ၇၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်သာပါကြောင်း AAPPပြော။
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၁၊ ၂၀၂၃)
ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်သက်သာခွင့် စစ်ကောင်စီကြေညာချက် NUG ဝေဖန်၊ စစ်ကောင်စီ အကျဉ်းသားလွတ်ငြိမ်းခွင့်အပေါ် အကဲခတ်တွေ မေးခွန်းထုတ် စတာတွေအပြင် ယူကရိန်းနဲ့ မြန်မာ လွတ်မြောက်ရေး တိုက်ပွဲ၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။