TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင် ၁ ရက် ၂၀၂၃
= ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင် ၁ ရက် ၂၀၂၃ = Bolsonaro ဘရာဇီးလ် သမ္မတရွေးကောက်ပွဲ ပြန်ဝင်ခွင့်မရတာ၊ ပြင်သစ်က အဓိကရုန်းတွေကြောင့ အများသွားလာမှု ဆိုင်းငံ့ဖို့ အစိုးရညွှန်ကြားတာ၊ ကရင်ပြည်နယ်ထဲက စစ်ဘေးရှောင်တွေအခြေနေနဲ့ ပုသိမ်ကြီးမြို့နယ် အဆောက်ဦးတွေ ဖယ်ရှားခိုင်းတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇူလိုင် ၁ ရက်၊ ၂၀၂၃)
မြန်မာနိုင်ငံမှာ ကျောင်းနဲ့ ဆေးရုံတွေတိုက်ခိုက်ခံရမှု အခြေအနေပိုဆိုးလာတယ်လို့ ကုလသမဂ္ဂက ထောက်ပြလိုက်ပါတယ်၊ အသေးစားငွေချေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ PGMF က မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ရပ်နားလိုက်ပါပြီ။ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ မြန်မာ့ကြက်သွန်နီ ဖိလစ်ပိုင်ကိုတင်ပို့နိုင်တော့မလား ပါဝင်တဲ့ လယ်ယာစီးပွား သတင်းများနဲ့ စာပေအကြောင်းမေးမြန်းခန်း ပြန်လည်ထုတ်လွှင့်ချက်တွေကို ၂၀၂၃၊ ဇူလိုင် ၁ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၁၊ ၂၀၂၃
ပြင်သစ် ညလုံးပေါက်ဆန္ဒပြမှု ၁၃၀၀ ထက်မနည်းဖမ်းဆီးခံရ၊ Timor-Leste ဝန်ကြီးချုပ်အဖြစ် Xanana Gusmao ကျမ်းကျိန်၊ စစ်ကောင်စီကို ကရင်နီ နယ်ခြားစောင့်တပ် ပထမဆုံး ပြန်တိုက်ခိုက်၊ ဝန်ကြီးချုပ် Hun Sen ရွေးကောက်ပွဲအတွက် မဲဆွယ်မှု စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။