TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၀၁-၂၀၁၉)
တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံကြားက စစ်မဲ့ဇုံကို ဖြတ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံ ဆွေးနွေးပွဲဟာ သိပ်ကို အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ သမ္မတ Trump က ပြောပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမြို့တော် Kabul မှာ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူတွေ ဒါဇင်နဲ့ချီ သေဆုံးသွားသလို အများပြား ထိခိုက် ဒဏ်ရာရသွားပါတယ်။ ဟောင်ကောင်ကို ဗြိတိသျှအုပ်ချုပ်မှုကနေ တရုတ်လက်ပြန်လွှဲခဲ့တဲ့ ၂၂ ပြည့်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ကြပါတယ်။