TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၃၁ ရက် ၂၀၂၃
နျူကလီယားလက်နက် အန္တရာယ်ကြီးမားလာမှု ကုလသတိပေးတာ၊ သမ္မတဟောင်းထရမ့်ကို စွဲချက်တင်မှုအပေါ် တုန့်ပြန်ချက်တွေအပြင် လူသတ်မှုသံသယနဲ့ ထိုင်းမှာအဖမ်းခံနေရတဲ့ မြန်မာ ၂ ဦး ပြန်လွတ်လာတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဧပြီလ ၁ ရက်၊ ၂၀၂၃
နိုင်ငံရေးပါတီများ ဖျက်သိမ်းမှု စစ်ကောင်စီကို နိုင်ငံတကာသတိပေး၊ မြန်မာ့စီးပွားရေး ဆက်လက် ကျဆင်းနိုင်ချေ ကမ္ဘာ့ဘဏ် ခန့်မှန်း၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ ဆန်ကို အကန့်အသတ်နဲ့ပဲ ပြည်ပတင်ပို့ခွင့်အတွက် စီစဉ်နေ၊ ပြီးတော့ လယ်ယာထွက်ကုန်ဈေးအတက်အကျ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အနာဂတ်မျိုးဆက်အတွက် ပညာရေးကို ဘယ်လိုရိုက်ခတ်မှုရှိလဲဆိုတဲ့ တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၃ ဧပြီ ၁ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဧပြီလ ၁၊ ၂၀၂၃)
အင်းစိန် ဗဟိုအကျဉ်းထောင်က နိုင်ကျဉ်း ၁၀၀ ကျော် ထောင်ပြောင်းခံရ၊ သမ္မတဟောင်း ထရမ့်ကို ရာဇ၀တ်မှုနဲ့ အင်္ဂါနေ့မှာ တရားဝင် စွဲချက်တင်မည်၊ လက်နက်ခဲယမ်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့ ရုရှား ကာကွယ်ရေးဝန်ကြီး ကတိပြု စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့အတူ Frontier Myanmar အဖွဲ့က တင်ဆက်တဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေး ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွား သတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။