TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၊ ၂၀၂၃)
မြန်မာစစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့နေ့မှာ ဥရောပသမဂ္ဂ၊ ဗြိတိန် နဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာက နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့နေ့မှာ ရန်ကုန်မြို့ အပါအဝင် နိုင်ငံတဝှမ်းက မြို့တွေမှာ နေအိမ်အပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ဆန္ဒပြခဲ့ကြပါတယ်။စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ဆန့်ကျင်သူတွေကို ခြေမှုန်းဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေက ပြော ....စတဲ့သတင်းတွေနဲ့အတူ စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထူးသတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၁ ၊ ၂၀၂၃
စစ်အာဏာသိမ်း ၂ နှစ်ပြည့် မြန်မာနိုင်ငံတ၀န်း အသံတိတ်ဆန္ဒပြ၊ စစ်အာဏာသိမ်း ၂ နှစ်ပြည့် ထောင်နဲ့ချီတဲ့မြန်မာတွေ ဘန်ကောက်မြို့မှာ ဆန္ဒဖော်ထုတ်၊ NUG ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ ဆက်သွယ်မေးမြန်းခန်း အပိုင်း (၂) စတာတွေနဲ့ စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထူးသတင်းဆောင်းပါးနဲ့ ဆက်သွယ် မေးမြန်းခန်းတွေကို နားဆင်ရမှာပါ။