TV Schedule
ဗွီအိုအေ မြန်မာမနက်ခင်း (အောက်တိုဘာလ ၁ ရက်၊ ၂၀၂၃)
အမေရိကန်အစိုးရ ရေတို ဘတ်ဂျက်မူကြမ်း အောက်လွှတ်တော် အတည်ပြု၊ အကြမ်းဖက်မှုတွေကြောင့် ပါကစ္စတန်မှာ ဒီနှစ်ထဲ လူ ၇၀၀ ကျော်သေဆုံး၊ သတင်းမှားဖြန့်ဝေမှု တရုတ်နဲ့ အမေရိကန် အပြန်အလှန် စွပ်စွဲ စတဲ့ နောက်ဆုံးရသတင်းတွေနဲ့ တနင်္ဂနွေနေ့ မနက် အပတ်စဥ်ကဏ္ဍတွေ စုစည်း တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (အောက်တိုဘာ ၁ ရက်၊ ၂၀၂၃)
ရုပ်ရှင်အထူးပွဲတက် ခွေးအကောင် ၂၀၀၊ တည်းလို့ရမယ့် ဘီလူးစံအိမ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ ဆီးချိုစစ်ဆေးနည်းများ လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံရေး အပြောင်းအလဲ မြန်မာကို သက်ရောက်မှု မေးမြန်းတဲ့ နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ အောက်တိုဘာ ၁ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၁၊ ၂၀၂၃)
အမေရိကန်အစိုးရ ယာယီအသုံးစရိတ် သမ္မတဘိုင်ဒင် လက်မှတ်ထိုး အတည်ပြု၊ မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် တိုကျိုမြို့တော်မှာ ရန်ပုံငွေရှာ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။