အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းနဲ့ သတင်းဆောင်းပါးတွေ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။
အစိုးရလျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှု ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးစွဲချက်တင်၊ မော်လမြိုင် WHO ဝန်ထမ်းတဦး ပစ်သတ်ခံရ၊ မြန်မာအတွက် ASEAN စာနာကူညီမှု ICRC ထည့်သွင်းဖို့ မလေးနိုင်ငံခြားရေးဝန်ကြီးအဆိုပြု စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။