ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူးနံနက်ခင်း (ဖေဖေါ်ဝါရီ ၉ ရက်)
စစ်ကောင်စီအပေါ် တိုးမြှင့်ဖိအားပေးဖို့ အမေရိကန်လွှတ်တော်ကော်မတီက အစိုးရကိုတိုက်တွန်းလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ အင်္ဂါညဆွေးနွေးခန်း၊ ကမ္ဘာတလွှားခရီးသွား၊ အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာ စတာတွေကို နားဆင်ကြည့်ရှုရဖို့ရှိပါတယ်။
၂၁:၀၀ - ၂၁:၅၉
VOA ရေဒီယိုညပိုင်း ဖေဖော်ဝါရီ ၉၊၂၀၂၂။
မြန်မာ့အပေါ် အရေးယူဒဏ်ခတ်မှုတိုးရေး ကန်အောက်လွှတ်တော်ဆွေးနွေး၊ လွိုင်ကော်မြို့ပေါ်တိုက်ပွဲများနည်းလာပေမယ့် မြို့စွန်တွေမှာပစ်ခတ်မှုရှိဆဲ၊ အင်းစိန်ထောင်တွင်း နိုင်/ကျဉ်းတချို့ ထောင်ပေးအစားအစာလက်မခံပဲ ဆန္ဒပြ. စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေထုတ်လွှင့်တင်ဆက်ပေးပါမယ်။