ထုတ်လွှင့် အစီအစဉ်
စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြမှု နောက်ဆုံးရသတင်း၊ ကရင် ဒေသတွင်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက် စတဲ့ သတင်းတွေနဲ့ နံနက်ပိုင်း ၆း၀၀-၇:၀၀
စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြမှုတွေ အပေါ် အဖမ်းအဆီးတွေ အကြမ်းဖက် ဖြိုခွဲမှု နောက်ဆုံးရသတင်း၊ ဆန္ဒပြပွဲတွေ ရှေ့ရေး မုံရွာက သပိတ်ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုဝေမိုးနိုင်နဲ့ မေးမြန်းချက်၊ မြန်မာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ကရင် ပြည်နယ်တွင်းက ဒေသခံ ၁ သောင်းကျော် စစ်ဘေး တိမ်းရှောင်နေရတဲ့ အကြောင်း၊ ဘင်္ဂလား ပင်လယ်အော် အတွင်း မြန်မာ ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှု စတဲ့ သတင်းဆောင်းပါးတွေကို ဒီမနက်ခင်းမှာ နားဆင်ကြရပါမယ်။ မြန်မာ့ရေးရာ ဆွေးနွေးခန်း၊ ပြည်တွင်း သတင်းသုံးသပ်ချက်၊သတင်းထဲက သုတ အပတ်စဉ် ကဏ္ဍသစ်နဲ့ သောတရှင်တို့ ပေးစာတွေကိုလည်း ပြန်ကြားပေးပါမယ်။ (Unicode) စဈအာဏာသိမျး ဆန့ျကငြျ ဆန်ဒပွမှုတှေ အပေါျ အဖမျးအဆီးတှေ အကွမျးဖကျ ဖွိုခှဲမှု နောကျဆုံးရသတငျး၊ ဆန်ဒပွပှဲတှေ ရှေ့ရေး မုံရှာက သပိတျခေါငျးဆောငျ တဦး ဖွဈတဲ့ ကိုဝမေိုးနိုငျနဲ့ မေးမွနျးခကြျ၊ မွနျမာ စဈတပျက လကွေောငျး တိုကျခိုကျမှုကွောင့ျ ကရငျ ပွညျနယျတှငျးက ဒသေခံ ၁ သောငျးကြောျ စဈဘေး တိမျးရှောငျနရေတဲ့ အကွောငျး၊ ဘငျ်ဂလား ပငျလယျအောျ အတှငျး မွနျမာ ရတေပျရဲ့ စဈရေးလေ့ကငြ့ျမှု စတဲ့ သတငျးဆောငျးပါးတှကေို ဒီမနကျခငျးမှာ နားဆငျကွရပါမယျ။ မွနျမာ့ရေးရာ ဆှေးနှေးခနျး၊ ပွညျတှငျး သတငျးသုံးသပျခကြျ၊သတငျးထဲက သုတ အပတျစဉျ ကဏ်ဍသဈနဲ့ သောတရှငျတို့ ပေးစာတှကေိုလညျး ပွနျကွားပေးပါမယျ။
ညပိုင်း ၉း၀၀-၁၀း၀၀
ဒီကနေ့ အစီအစဉ်တွေမှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ လက်ရှိဘဏ္ဍာနှစ် ဖြည့်စွက် ဘတ်ဂျက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်းပေါင်း ၁၀,၀၀၀ ကျော် ဖြတ်တောက်ပြီး ခွင့်ပြုလိုက်တဲ့အကြောင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက အောက်မီးလက်ဝကျေးရွာ မီးရှို့ခံရတဲ့ အခြေအနေ၊ COVID ကာလ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားလူတွေကို ငွေသားထောက်ပံ့ကြေးပေးဖို့ မြို့နယ်အလိုက် စာရင်းကောက်ယူမှုတွေ ဘယ်လို စိစစ် ဆောင်ရွက်နေကြသလဲ၊ COVID-19 ကြောင့် အရောင်း အဝယ် ရပ်တန့်ပြီး လေလွင့်ရမယ့် စိုက်ပျိုးရေး ထွက်ကုန်တွေကို နိုင်ငံတဝန်း ဖြန့်ဝေနိုင်ရေး ကြိုးပမ်းနေကြ တဲ့အကြောင်း၊ ထိုင်းနိုင်ငံကို လူမှောင်ခိုပွဲစားနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော် အဖမ်းခံရတဲ့ သတင်းနဲ့ ရှမ်းပြည်နယ်မှာ ယာဉ်တိမ်း မှောက်မှုကြောင့် လမ်းလုပ်သား ၁၀ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းတွေကို နားဆင်ရပါမယ်။ သီတင်းပတ်စဉ် အစီအစဉ်တွေအဖြစ် ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ဒေါက်တာသန့်ဇော် ရဲ့လူထုနဲ့ကျန်းမာရေးနဲ့ ကိုရန်နိုင်ရဲ့ အားကစားသတင်းလွှာ တို့ကို နားဆင်ကြရမှာပါ။ ဗွီအိုအေအစီအစဉ်တွေကို အားပေး နားဆင် ကြည့်ရှုတဲ့အတွက် အထူးကျေးဇူး တင်ပါတယ်။