ထုတ်လွှင့် အစီအစဉ်
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (ဖေဖေါ်ဝါရီ ၃ ရက်)
မြန်မာနိုင်ငံမှာ အာဏာခွဲဝေရေးလုပ်ဖို့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် Noeleen Heyzer က အကြံပြုခဲ့ခြင်းမရှိကြောင်း ကုလအတွင်းရေးမှူးချုပ်ရုံးက ငြင်းဆိုလိုက်တဲ့သတင်းနဲ့အတူ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ ကျန်းမာရေး၊ အားကစားကဏ္ဍ စတဲ့ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာပါ။
ညပိုင်း ၉း၀၀-၁၀း၀၀
ဒီကနေ့အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ မြန်မာနိုင်ငံတွင်း COVID-19 သံသယနဲ့ ကန့်သတ်စောင့်ကြည့်ခံနေရတဲ့ လူနာတချို့ သေဆုံးနေရတာတွေနဲ့ ပတ်သတ်လို့ ပြည်သူတွေကြား စိုးရိမ်မှု၊ မြန်မာနိုင်ငံထဲမှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးမှု လျော့နည်းနေတုန်းပဲလို့ လေ့လာသူတွေက ပြောတဲ့အကြောင်း၊ ဆရာ၊ ဆရာမတွေအတွက် သင်ရိုးသစ်သင်တန်းပို့ချတာနဲ့ ပတ်သက်ပြီး အွန်လိုင်းကနေ သင်ယူလေ့လာနိုင်ဖို့ ဆောင်ရွက်နေတဲ့အကြောင်း စတဲ့ သတင်းပေးပို့ ချက်တွေနဲ့အတူ သီတင်းပတ်စဉ် အစီအစဉ်တွေအဖြစ် ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး ကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရမှာဖြစ်ပါတယ်။