ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇန်နဝါရီ ၄၊ ၂၀၂၃)
ယူကရိန်းအပေါ် ရုရှားလေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်၊ မြန်မာ့အရေး ဆက်လက်အားပေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး လွတ်လပ်ရေးနေ့ အမှာစကားပါး၊ စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၄၊ ၂၀၂၃)
အကျဉ်းသား ၇၀၁၂ ဦး စိန်ရတုလွတ်လပ်ရေးနေ့မှာလွှတ်ပေး၊ ရခိုင်လွတ်မြောက်ရေးပါတီ စစ်ဦးချုပ်နဲ့ အရာရှိ ၂ ဦး စစ်တွေမှာ သေနတ်နဲ့ပစ်သတ်ခံရ၊ ဒီးမော့ဆိုမြို့မှာ လက်နက်ကြီးကျည်ပေါက်ကွဲပြီး အရပ်သားတဦးသေဆုံး စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ အားကစားကဏ္ဍတွေကို နားဆင်ရမှာပါ။