ထုတ်လွှင့် အစီအစဉ်
ဗွီအိုအေမြန်မာပိုင်း အင်္ဂါနံနက်ခင်း (နိုဝင်ဘာလ ၃၀ ရက်)
ဗွီအိုအေမြန်မာပိုင်း အင်္ဂါနံနက်ခင်း (နိုဝင်ဘာလ ၃၀ ရက်) ကိုဗစ်ပိုး မျိုးကွဲသစ် Omicron ကြောင့် စာသင်ကျောင်းတွေ စီးပွါးရေးလုပ်ငန်းတွေ ပိတ်ထားဖို့ မလိုအပ်သေးဘူးလို့ သမ္မတ Biden က ပြောကြားလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီနယ်မြေရှင်းလင်းရေးဆက်လုပ်နေတဲ့အကြောင်း သတင်းပေးပို့ချက်၊ Omicron ကိုဗစ်မျိုးကွဲသစ် ကမ္ဘာအနှံ့ပျံ့နှံ့လာမှု မြန်မာပြည်တွင်းစိုးရိမ်မှုရှိနေတဲ့အခြေအနေ၊ Omicron ကိုဗစ်ရောဂါပိုးသစ်ကာကွယ်ရေး ထိုင်းပြင်ဆင်နေပုံ စတာတွေနဲ့အတူ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တန့်ရောင်သတင်းလွှာ စတာတွေကို နားဆင်ရမှာပါ။
VOA ရေဒီယိုညပိုင်း နိုဝင်ဘာ၃၀၊၂၀၂၁
ဒီကနေ့အစီအစဉ်မှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ COVID-19 ရောဂါကြောင့် လူမှု စီးပွားရေးကို ကုစားနိုင်ဖို့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကနေ ဂျပန် ယန်း ၃၀ ဘီလီယံချေးယူနိုင်ရေး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ အကြောင်း၊ COVID-19 အရေးပေါ်ကာလအတွင်း ရန်ကုန်တိုင်းအစိုးရရဲ့ မေလ ၂၄ ရက်နေ့ကလုပ်ခဲ့တဲ့ ဘာသာရေးအခမ်းအနားတခုနဲ့ ပတ်သက်လို့ ဝေဖန်နေကြတာ၊ တရုတ်နိုင်ငံထုတ် ဖောက်ခွဲရေးသုံး ပစ္စည်းတွေကို မူဆယ်ကုန်သွယ်ရေးဇုန်မှာ မနေ့က ဖမ်းမိခဲ့ပြီး ဒီကနေ့ မူဆယ်မှာ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့တဲ့သတင်း၊ COVID ကာလ ပြည်တွင်းကို နယ်စပ်ဂိတ်တွေကနေတဆင့် အလုံးအရင်းနဲ့ ပြန်ဝင်လာကြတဲ့ ပြည်ပရောက် အခြေခံလုပ်သားတွေ အတွက် ပြည်တွင်းမှာ ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မလဲဆိုတာနဲ့ ထိုင်းနိုင်ငံဘက်က ပြန်လာတဲ့ မြန်မာအလုပ်သမား ၄,၀၀၀ နီးပါး ရှိသွားပြီဆိုတဲ့ သတင်း တွေကို နားဆင်ရပါမယ်။ သီတင်းပတ်စဉ်ကဏ္ဍတွေအဖြစ် အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါည ဆွေးနွေးခန်း အစီအစဉ်တွေကို နားဆင်ရပါမယ်။