ထုတ်လွှင့် အစီအစဉ်
ဗွီအိုအေ နံနက်ခင်း ရေဒီယို အစီအစဉ် သြဂုတ်လ ၃၊ ၂၀၂၁။
မြန်မာ့ စစ်အာဏာသိမ်းမှု အရေးကို အာဆီယံ အစည်းအဝေးတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆွေးနွေးမယ့် အကြောင်း၊ အာဏာ ဆက်ပြီး ယူမယ့် စစ်တပ်ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်စေမယ့် လုပ်ရပ် မဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုလိုက်တဲ့ အကြောင်း၊ နောက် စစ်ကောင်စီက ရွေးကောက်ပွဲ ရလဒ် ဖျက်သိမ်းမှု အပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ NLD ပါတီတို့ရဲ့ သဘောထား၊ ချေးငွေ မရတာကြောင့် လယ်သမားတွေ အခက်အခဲ ဖြစ်ရတဲ့ အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။ အပတ်စဉ် ကဏ္ဍတွေထဲမှာတော့ စီးပွားရေးနဲ့ ဘလော့ဂါတွေ ပြောသမျှ အစီအစဉ်တို့ကို ထုတ်လွှင့်ပေးမှာပါ။ ဗွီအိုအေ အစီအစဉ်တွေကို နားဆင်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှွင့်မှု(သြဂုတ် ၃၊၂၀၂၁)
မြန်မာ့အရေးအာဆီယံအထူးသံတမန်အတည်ပြုဖို့ မြန်မာစစ်ကောင်စီရဲ့အဖြေကိုစောင့်နေ၊ မြန်မာအရေးပေါ်ကာလသက်တမ်းတိုးမှုကို ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဝေဖန်ပြစ်တင်၊ ရခိုင်မှာ ကိုယ်ပိုင်ပ်ချုပ်ရေးနဲ့တရားစီရင်ရေး စတင်လုပ်ဆောင်ဖို့ AA ပြင်ဆင်၊ ကယားပြည်နယ်တွင်း KNDF နဲ့ မြန်မာစစ်တပ်တိုက်ပွဲများဆက်ဖြစ်နေ၊ မူဆယ် နန်းတော်ဂိတ်ကနေ ပြန်လာတဲ့မြန်မာနိုင်ငံသား တပတ်အတွင်းနှစ်ထောင်ကျော်ရှိ၊ မြန်မာလုပ်သား ၂၉ဦးပါ ငါးဖမ်းလှေကို ထိုင်အာဏာပိုင်တွေ ရှာဖွေကယ်ဆယ်တဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေညဆွေးနွေးဝိုင်းအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ++++ မွနျမာ့အရေးအာဆီယံအထူးသံတမနျအတညျပွုဖို့ မွနျမာစဈကောငျစီရဲ့အဖွကေိုစောင့ျနေ၊ မွနျမာအရေးပေါျကာလသကျတမျးတိုးမှုကို ဗွိတိသြှနိုငျငံခွားရေးဝနျကွီးဝဖေနျပွဈတငျ၊ ရခိုငျမှာ ကိုယျပိုငျပျခြုပျရေးနဲ့တရားစီရငျရေး စတငျလုပျဆောငျဖို့ AA ပွငျဆငျ၊ ကယားပွညျနယျတှငျး KNDF နဲ့ မွနျမာစဈတပျတိုကျပှဲမြားဆကျဖွဈနေ၊ မူဆယျ နနျးတောျဂိတျကနေ ပွနျလာတဲ့မွနျမာနိုငျငံသား တပတျအတှငျးနှဈထောငျကြောျရှိ၊ မွနျမာလုပျသား ၂၉ဦးပါ ငါးဖမျးလှကေို ထိုငျအာဏာပိုငျတှေ ရှာဖှကေယျဆယျတဲ့ သတငျးတှေ နားဆငျရဖို့ရှိပါတယျ။ အပတျစဉျကဏ်ဍတှမှောတော့ အမရေိကနျနိုငျငံရေးနဲ့ အငျ်ဂါနညေဆှေးနှေးဝိုငျးအစီအစဉျတှကေို ထုတျလှှင့ျတငျဆကျပေးဖို့ရှိပါတယျ။ VOA ကို နားဆငျတဲ့အတှကျ ကြေးဇူးတငျပါတယျ။