ထုတ်လွှင့် အစီအစဉ်
ဗွီအိုအေ ရေဒီယို နံနက်ခင်း စက်တင်ဘာလ ၂၈၊ ၂၀၂၁။
နိုင်ငံရေးနဲ့ ကပ်ဘေးရောဂါဒဏ်သင့် မြန်မာနိုင်ငံမှာ လိုအပ်သူတွေကို ကူညီဖို့ အတွက် လိုအပ်တဲ့ ရန်ပုံငွေ မပြည့်မီသေးတဲ့ အကြောင်း၊ ပုဒ်မ ၅၀၅ နဲ့ ဖမ်းခံထားရသူတွေ အမှုထပ်တိုးခံနေရတဲ့ အခြေအနေ၊ မန္တလေးမှာ ဖမ်းခံရပြီး နောက်တနေ့ သေဆုံးသွားတဲ့ ကိုဖက်တီးရဲ့အဖြစ် မိသားစုပြောချက်၊ မလေးရှား နိုင်ငံမှာ မြန်မာတွေ Covid-19 ရောဂါကြောင့် သေဆုံးရမှု အခြေအနေ သတင်းဆောင်းပါးတွေနဲ့ အတူ စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှနဲ့ သက်တန့်ရောင် သတင်းလွှာ အစီအစဉ်တို့ကို နားဆင်ရပါမယ်။
ညပိုင်း ၉း၀၀-၁၀း၀၀
ဒီကနေ့အစီအစဉ်မှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ COVID-19 ရောဂါကြောင့် လူမှု စီးပွားရေးကို ကုစားနိုင်ဖို့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကနေ ဂျပန် ယန်း ၃၀ ဘီလီယံချေးယူနိုင်ရေး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ အကြောင်း၊ COVID-19 အရေးပေါ်ကာလအတွင်း ရန်ကုန်တိုင်းအစိုးရရဲ့ မေလ ၂၄ ရက်နေ့ကလုပ်ခဲ့တဲ့ ဘာသာရေးအခမ်းအနားတခုနဲ့ ပတ်သက်လို့ ဝေဖန်နေကြတာ၊ တရုတ်နိုင်ငံထုတ် ဖောက်ခွဲရေးသုံး ပစ္စည်းတွေကို မူဆယ်ကုန်သွယ်ရေးဇုန်မှာ မနေ့က ဖမ်းမိခဲ့ပြီး ဒီကနေ့ မူဆယ်မှာ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့တဲ့သတင်း၊ COVID ကာလ ပြည်တွင်းကို နယ်စပ်ဂိတ်တွေကနေတဆင့် အလုံးအရင်းနဲ့ ပြန်ဝင်လာကြတဲ့ ပြည်ပရောက် အခြေခံလုပ်သားတွေ အတွက် ပြည်တွင်းမှာ ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မလဲဆိုတာနဲ့ ထိုင်းနိုင်ငံဘက်က ပြန်လာတဲ့ မြန်မာအလုပ်သမား ၄,၀၀၀ နီးပါး ရှိသွားပြီဆိုတဲ့ သတင်း တွေကို နားဆင်ရပါမယ်။ သီတင်းပတ်စဉ်ကဏ္ဍတွေအဖြစ် အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါည ဆွေးနွေးခန်း အစီအစဉ်တွေကို နားဆင်ရပါမယ်။