ထုတ်လွှင့် အစီအစဉ်
နံနက်ပိုင်း ၆း၀၀-၇:၀၀
စစ်တွေမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဈေးနဲ့ IDP စခန်းတွေမှာ စတင်မည်၊ ကိုဗစ် ကပ်ရောဂါအလွန် မြန်မာ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဂျပန်ပေးမည်၊ ရိုဟင်ဂျာ ပဋိပက္ခ ၃ နှစ်ပြည့်ပေမယ့် သူတို့တွေ နေရပ်ပြန်ရေး အခက်ရှိနေသေးတာ စတဲ့ သတင်းလွှာတွေနဲ့ အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ အစီအစဉ်၊ သက်တံ့ရောင်သတင်းလွှာနဲ့ အင်္ဂလိပ်စာပို့ချချက်တို့ကို တင်ဆက်ပေးသွားမှာပါ။ [[Unicode]] စဈတှမွေို့ ကိုဗဈကာကှယျထိနျးခြုပျရေး ဈေးနဲ့ IDP စခနျးတှမှော စတငျမညျ၊ ကိုဗဈ ကပျရောဂါအလှနျ မွနျမာ့ စီးပှားရေးနဲ့ ဖှံ့ဖွိုးရေးအတှကျ ဂပြနျပေးမညျ၊ ရိုဟငျဂြာ ပဋိပက်ခ ၃ နှဈပွည့ျပမေယ့ျ သူတို့တှေ နရေပျပွနျရေး အခကျရှိနသေေးတာ စတဲ့ သတငျးလှှာတှနေဲ့ အတူ အပတျစဉျကဏ်ဍတှမှောတော့ စီးပှားရေးကဏ်ဍ၊ ဘလော့ဂါတှပွေောသမြှ အစီအစဉျ၊ သကျတံ့ရောငျသတငျးလှှာနဲ့ အငျ်ဂလိပျစာပို့ခခြကြျတို့ကို တငျဆကျပေးသှားမှာပါ။
ညပိုင်း ၉း၀၀-၁၀း၀၀
ဒီကနေ့အစီအစဉ်မှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ COVID-19 ရောဂါကြောင့် လူမှု စီးပွားရေးကို ကုစားနိုင်ဖို့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကနေ ဂျပန် ယန်း ၃၀ ဘီလီယံချေးယူနိုင်ရေး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ အကြောင်း၊ COVID-19 အရေးပေါ်ကာလအတွင်း ရန်ကုန်တိုင်းအစိုးရရဲ့ မေလ ၂၄ ရက်နေ့ကလုပ်ခဲ့တဲ့ ဘာသာရေးအခမ်းအနားတခုနဲ့ ပတ်သက်လို့ ဝေဖန်နေကြတာ၊ တရုတ်နိုင်ငံထုတ် ဖောက်ခွဲရေးသုံး ပစ္စည်းတွေကို မူဆယ်ကုန်သွယ်ရေးဇုန်မှာ မနေ့က ဖမ်းမိခဲ့ပြီး ဒီကနေ့ မူဆယ်မှာ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့တဲ့သတင်း၊ COVID ကာလ ပြည်တွင်းကို နယ်စပ်ဂိတ်တွေကနေတဆင့် အလုံးအရင်းနဲ့ ပြန်ဝင်လာကြတဲ့ ပြည်ပရောက် အခြေခံလုပ်သားတွေ အတွက် ပြည်တွင်းမှာ ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မလဲဆိုတာနဲ့ ထိုင်းနိုင်ငံဘက်က ပြန်လာတဲ့ မြန်မာအလုပ်သမား ၄,၀၀၀ နီးပါး ရှိသွားပြီဆိုတဲ့ သတင်း တွေကို နားဆင်ရပါမယ်။ သီတင်းပတ်စဉ်ကဏ္ဍတွေအဖြစ် အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါည ဆွေးနွေးခန်း အစီအစဉ်တွေကို နားဆင်ရပါမယ်။