ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်းအစီအစဉ် (ဖေဖေါ်ဝါရီ ၂၄ ရက်)
နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ မြန်မာကန့်ကွက်မှုပယ်ချဖို့ ICJ ကို ဂမ်ဘီယာနိုင်ငံလျှောက်ထားချက်အပေါ် သုံးသပ်ချက်၊ ဖာပွန်ခရိုင်မှာ တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံး စတာတွေနဲ့အတူ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ အားကစားကဏ္ဍ၊ လူထုနဲ့ ကျန်းမာရေး စတဲ့အစီအစဉ်တွေကို တင်ဆက်မှာပါ
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ ကြာသပတေးည ၉း၀၀-၁၀း၀၀ နာရီ ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
ယူကရိန်းကို ရုရှားဝင်တိုက်တဲ့အပေါ် စစ်ကောင်စီသဘောထားအပါအဝင် ထိပ်တန်းသတင်းများ၊ ICJ မှာ စစ်ကောင်စီ ချေပခွင့် ရနေတဲ့အပေါ် နိုင်ငံတကာဥပဒေပညာရှင်ရဲ့အမြင်နဲ့ ကလေးတောင်ပိုင်းအခြေအနေ၊ CDM များ အခက်အခဲ။ မြန်မာ့အရေး သုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ။