သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထုတ်လွှင့် အစီအစဉ်

၀၆:၀၀ - ၀၆:၅၉

နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ

ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - အမေရိကန်ကမြို့တွေမှာ သမ္မတထရမ့်က ပြည်ထောင်စုအစိုးရတပ်တွေ စေလွတ်ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ မြို့တော်ဝန်တွေက တောင်းဆိုလိုက်ကြတာ၊ ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ဒီမိုကရက်သမ္မတလောင်း Joe Biden ရဲ့ နိုင်ငံခြားရေးမူဝါဒ ၊ ကိုဗစ်ကာကွယ်ရေးအတွက် အသုံးပြုတဲ့ PPE တွေ စွန့်ပစ်မှုများလာနေတာကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်လာနေတာ၊ လေထု ပူနွေးလာတာကြောင့် ကမ္ဘာ့သမုဒ္ဒရာတွေထဲက သတ္တဝါတွေအတွက် ခြိမ်းချောက်မှုဖြစ်လာနေတာနဲ့ မြန်မာ့ရွေးကောက်ပွဲအတွက် ကပ်ဘေးကန့်သတ်ချက်တွေနဲ့အညီ ဆောင်ရွက်ခွင့်ပြုမယ့်အကြောင်း တာဝန်ရှိသူတွေက ပြောကြားလိုက်တာ စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ ဘလော့ဂါတွေပြောသမျှအစီအစဉ်တို့ကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

၂၁:၀၀ - ၂၁:၅၉

ညပိုင်း ၉း၀၀-၁၀း၀၀

(Zawgyi/Unicode) နောက်ဆုံးရသတင်းများ၊ ၂၀၂၀ ရွေးကောက်ပွဲ NLD က ဘယ်သူတွေ ဝင်ပြိုင်မလဲ၊ သီပေါဘက် တိုက်ပွဲ ရွာသား ၂၀၀ ကျော် ထွက်ပြေးရ၊ မြောက်ပိုင်းမဟာမိတ်တွေ ၂၁ ရာစု ပင်လုံညီလာခံ တက်ချင်၊ စစ်ဘေးနဲ့ ကိုဗစ်အရေးကြောင့် ရခိုင်က ကျောင်းအများစု ပြန်မဖွင့်နိုင်သေး၊ မလေးရှားကနေ ထိုင်းကိုဖြတ်ပြီး မြန်မာနိုင်ငံပြန်လာသူတွေ ထိုင်းမှာ အဖမ်းခံရ။ သီတင်းပတ်စဉ် - ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ဦးဝင်းမင်းရဲ့ ကျန်းမာရေးကဏ္ဍ၊ နယ်စပ်ဒေသ သတင်းထောက်တွေရဲ့ တိုင်းရင်းသတင်းလွှာ။ ------------------------ (Unicode) နောကျဆုံးရသတငျးမြား၊ ၂၀၂၀ ရှေးကောကျပှဲ NLD က ဘယျသူတှေ ဝငျပွိုငျမလဲ၊ သီပေါဘကျ တိုကျပှဲ ရှာသား ၂၀၀ ကြောျ ထှကျပွေးရ၊ မွောကျပိုငျးမဟာမိတျတှေ ၂၁ ရာစု ပငျလုံညီလာခံ တကျခငြျ၊ စဈဘေးနဲ့ ကိုဗဈအရေးကွောင့ျ ရခိုငျက ကြောငျးအမြားစု ပွနျမဖှင့ျနိုငျသေး၊ မလေးရှားကနေ ထိုငျးကိုဖွတျပွီး မွနျမာနိုငျငံပွနျလာသူတှေ ထိုငျးမှာအဖမျးခံရ။ သီတငျးပတျစဉျ - ဦးအောငျခငျရဲ့ မွနျမာ့အရေးသုံးသပျခကြျ၊ ဦးဝငျးမငျးရဲ့ ကနြျးမာရေးကဏ်ဍ၊ နယျစပျဒသေ သတငျးထောကျတှရေဲ့ တိုငျးရငျးသတငျးလှှာ။

XS
SM
MD
LG