ထုတ်လွှင့် အစီအစဉ်
ဗွီအိုအေ နံနက်ခင်း ရေဒီယို အစီအစဉ် ဒီဇင်ဘာလ ၂၀၊ ၂၀၂၁။
ထိုင်းနဲ့ နယ်စပ်မြို့ မြဝတီမှာ တနင်္ဂနွေနေ့က တိုက်ပွဲတွေကြောင့် ဒုက္ခသည် ထောင်ချီ ထွက်ပြေးခဲ့ရတဲ့ နောက်ဆုံးရ အခြေအနေ၊ တရုတ်နဲ့ ရုရှားတို့ မဟာမိတ်ဖွဲ့မှုက အမေရိကန် သမ္မတ အတွက် စိန်ခေါ်ချက် တခု ဖြစ်လာတယ်ဆိုတဲ့ သုံးသပ်ချက်၊ နိုင်ငံတကာ ရွှေ့ပြောင်း ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂရဲ့ အစီရင်ခံတင်ပြချက်၊ ထိုင်းက အက တမျိုးကို ကမ ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ကုလသမဂ္ဂက သတ်မှတ်လိုက်တဲ့ အကြောင်း စတဲ့ သတင်းဆောင်းပါးတွေနဲ့ ကမ ္ဘာ မြန်မာ မီဒီယာမြင်ကွင်း၊ မြန်မာပြည်က ပေးစာ၊ သတင်းတွေထဲက သုတ ၊ ထူးခြားဆန်းပြား သတင်းများ အပတ်စဉ် ကဏ္ဍတွေကို တင်ပြပေးပါမယ်။
ညပိုင်း ၉း၀၀-၁၀း၀၀
ဒီကနေ့ အစီအစဉ်တွေမှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ လက်ရှိဘဏ္ဍာနှစ် ဖြည့်စွက် ဘတ်ဂျက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်းပေါင်း ၁၀,၀၀၀ ကျော် ဖြတ်တောက်ပြီး ခွင့်ပြုလိုက်တဲ့အကြောင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက အောက်မီးလက်ဝကျေးရွာ မီးရှို့ခံရတဲ့ အခြေအနေ၊ COVID ကာလ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားလူတွေကို ငွေသားထောက်ပံ့ကြေးပေးဖို့ မြို့နယ်အလိုက် စာရင်းကောက်ယူမှုတွေ ဘယ်လို စိစစ် ဆောင်ရွက်နေကြသလဲ၊ COVID-19 ကြောင့် အရောင်း အဝယ် ရပ်တန့်ပြီး လေလွင့်ရမယ့် စိုက်ပျိုးရေး ထွက်ကုန်တွေကို နိုင်ငံတဝန်း ဖြန့်ဝေနိုင်ရေး ကြိုးပမ်းနေကြ တဲ့အကြောင်း၊ ထိုင်းနိုင်ငံကို လူမှောင်ခိုပွဲစားနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော် အဖမ်းခံရတဲ့ သတင်းနဲ့ ရှမ်းပြည်နယ်မှာ ယာဉ်တိမ်း မှောက်မှုကြောင့် လမ်းလုပ်သား ၁၀ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းတွေကို နားဆင်ရပါမယ်။ သီတင်းပတ်စဉ် အစီအစဉ်တွေအဖြစ် ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ဒေါက်တာသန့်ဇော် ရဲ့လူထုနဲ့ကျန်းမာရေးနဲ့ ကိုရန်နိုင်ရဲ့ အားကစားသတင်းလွှာ တို့ကို နားဆင်ကြရမှာပါ။ ဗွီအိုအေအစီအစဉ်တွေကို အားပေး နားဆင် ကြည့်ရှုတဲ့အတွက် အထူးကျေးဇူး တင်ပါတယ်။