ထုတ်လွှင့် အစီအစဉ်
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနံနက်ခင်း (နိုဝင်ဘာလ ၂ ရက်)
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနံနက်ခင်း (နိုဝင်ဘာလ ၂ ရက်) Bill Richardson ရဲ့ မြန်မာခရီးစဉ်ကို Biden အစိုးရ ကြိုဆိုလိုက်တဲ့သတင်းနဲ့ အတူ ဒီခရီးစဉ်အပေါ် သဘောထားအမြင်တွေ၊ ထန်တလန် မီးရှို့ခံရမှု အပေါ် မျက်မြင်သက်သေတဦး ပြောပြချက်၊ တပတ်အတွင်း အထောက်အထားမဲ့ မြန်မာ တထောင်ခန့် ထိုင်းဖက်မှာ ဖမ်းမိတဲ့ အကြောင်းသတင်းပေးပို့ချက်နဲ့အတူ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေ ပြောသမျှ၊ သက်တံ့ရောင်သတင်းလွှာ စတာတွေကို တင်ဆက်မှာပါ။
ညပိုင်း ၉း၀၀-၁၀း၀၀
ဒီကနေ့အစီအစဉ်မှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ COVID-19 ရောဂါကြောင့် လူမှု စီးပွားရေးကို ကုစားနိုင်ဖို့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကနေ ဂျပန် ယန်း ၃၀ ဘီလီယံချေးယူနိုင်ရေး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ အကြောင်း၊ COVID-19 အရေးပေါ်ကာလအတွင်း ရန်ကုန်တိုင်းအစိုးရရဲ့ မေလ ၂၄ ရက်နေ့ကလုပ်ခဲ့တဲ့ ဘာသာရေးအခမ်းအနားတခုနဲ့ ပတ်သက်လို့ ဝေဖန်နေကြတာ၊ တရုတ်နိုင်ငံထုတ် ဖောက်ခွဲရေးသုံး ပစ္စည်းတွေကို မူဆယ်ကုန်သွယ်ရေးဇုန်မှာ မနေ့က ဖမ်းမိခဲ့ပြီး ဒီကနေ့ မူဆယ်မှာ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့တဲ့သတင်း၊ COVID ကာလ ပြည်တွင်းကို နယ်စပ်ဂိတ်တွေကနေတဆင့် အလုံးအရင်းနဲ့ ပြန်ဝင်လာကြတဲ့ ပြည်ပရောက် အခြေခံလုပ်သားတွေ အတွက် ပြည်တွင်းမှာ ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မလဲဆိုတာနဲ့ ထိုင်းနိုင်ငံဘက်က ပြန်လာတဲ့ မြန်မာအလုပ်သမား ၄,၀၀၀ နီးပါး ရှိသွားပြီဆိုတဲ့ သတင်း တွေကို နားဆင်ရပါမယ်။ သီတင်းပတ်စဉ်ကဏ္ဍတွေအဖြစ် အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါည ဆွေးနွေးခန်း အစီအစဉ်တွေကို နားဆင်ရပါမယ်။