ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဇူလိုင် ၁၇၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
သမ္မတဘိုင်ဒင် အရှေ့အလယ်ပိုင်းခရီးစဉ်၊ မြန်မာတွေပါတဲ့ကား ထိုင်းမှာမတော်တဆဖြစ်၊ပဋိပက္ခတွေကြား ကလေးတွေ ထိခိုက်သေကျေမှု၊ စတဲ့သတင်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာလူငယ်တွေနဲ့ ဆွေးနွေးခန်း၊ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာနဲ့ နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၁၇၊ ၂၀၂၂
ဘင်္ဂလားဒေရှ့်ကိုသွားတဲ့ ယူကရိန်းကုန်တင်လေယာဉ် ဂရိနိုင်ငံမှာ ပျက်ကျခဲ့ပါတယ်။ အိန္ဒိယမှာ ၄ လအတွင်း ကိုဗစ်အတည်ပြုလူနာ မြင့်တက်နေပါတယ်။ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှ ပေးစာများ၊ သတင်းတွေထဲက သုတ၊ ထူးခြားဆန်းပြားသတင်းများ အပါတ်စဉ် အစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။