ထုတ်လွှင့် အစီအစဉ်
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - နိုဝင်ဘာရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရကြမယ့် လူငယ်တွေ သူတို့အခွင့်အရေးကို အသုံးမချနိုင်မယ့်အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေတာ၊ ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ ဧရာဝတီတိုင်းအတွင်းက အပန်းဖြေကမ်းခြေတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတာ၊ ကိုဗစ် ကြိုတင် ကာကွယ်မှုတွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ကြဖို့ WHO က တိုက်တွန်းလိုက်တာ၊ အမေရိကန်ဌာနေတိုင်းရင်းသားတွေလည်း ကိုဗစ်ကူးစက်ခံနေရတဲ့အခြေအနေ စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတို့ကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
ညပိုင်း ၉း၀၀-၁၀း၀၀
(Zawgyi/Unicode) မြန်မာနဲ့ နိုင်ငံတကာသတင်းများ၊ ရသေ့တောင်မှာ စစ်ဆင်ရေးလုပ်နေတယ်လို့ တပ်ကကြေညာပြီးတဲ့နောက် တိုက်ပွဲတွေ ဆက်ပြင်းထန်နေ၊ အဲဒီစစ်ဆင်ရေးတွေအပေါ် လူ့အခွင့်အရေးသမားတွေရဲ့ စိုးရိမ်ချက်၊ ကျောက်မဲ အရပ်သား ထိခိုက်သေဆုံးမှု စုံစမ်းစစ်ဆေးရေး ပွင့်လင်းမြင်သာစွာလုပ်ဖို့ ဒေသခံတွေလိုလား၊ ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်မ ျှတအောင်လုပ်မယ်လို့ ကော်မရှင် ကတိပြု၊ COVID-19 ပညာပေးပန်းချီဆွဲလို့ တရားစွဲခံထားရတဲ့ ကချင်လူငယ်သုံးဦးအမှု တရားရုံးပလပ်။ သီတင်းပတ်စဉ် - မခင်ဖြူထွေးရဲ့ အမျိုးသမီးကဏ္ဍ၊ ကိုအောင်အောင်ရဲ့ သုတစုံလင် အမေရိကန်တခွင်၊ ဒေါ်ခင်မျိုးသက်ရဲ့ သိပ္ပံနဲ့နည်းပညာ။ ----------------------