ထုတ်လွှင့် အစီအစဉ်
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အပေါ် လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထား၊ မြန်မာနိုင်ငံမှာ ဘော်ဒါဆောင်တွေ ဖွင့်ခွင့်မရသေးတာကြောင့် ရပ်ဝေးကကျောင်းသားတွေ ပညာရေးထိခိုက်မှာ စိုးရိမ်နေကြတာ၊ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ လောင်းကစားမှုနဲ့ မြဝတီမှာ ဖမ်းဆီးခံရတာ၊ အိန္ဒိယနိုင်ငံက ကိုဗစ်ကူးစက်မှုဆိုးရွားလာနေတဲ့ အခြေအနေ၊ ကမ္ဘာတဝှမ်း လူတွေသန်းနဲ့ချီပြီး အဟာရချို့တဲ့နေရတဲ့အခြေအနေ စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ ဘလော့ဂါတွေပြောသမျှ အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
ညပိုင်း ၉း၀၀-၁၀း၀၀
(Zawgyi/Unicode) နိုင်ငံတကာသတင်းများ၊ ရသေ့တောင်ဘက် တိုက်ပွဲပြင်းထန် ပြီး အရပ်သား ထိခိုက်ဒဏ်ရာရတာတွေရှိ၊ ရခိုင်နဲ့ချင်းဘက် မှာ ပြန်မဖွင့်နိုင်သေးမယ့် ကျောင်းတွေရှိနေ၊ အွန်လိုင်း ပညာ သင်ယူရေး ကျောင်းသားတွေ ကြားစိုးရိမ်၊ ဖူးခက်မှာ တရားဝင် မြန်မာအလုပ်သမားတွေ အခက်အခဲတွေ့နေ၊ မြန်မာအပါအဝင်မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေမှာ မိုးရွာသွန်း မှုလျော့ကျ။ သီတင်းပတ်စဉ် - ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ဦးဝင်းမင်းရဲ့ ကျန်းမာရေးအစီအစဉ်၊ တိုင်းရင်းသတင်းလွှာ။ ------------------------- (Unicode) နိုငျငံတကာသတငျးမြား၊ ရသေ့တောငျဘကျ တိုကျပှဲပွငျးထနျပွီး အရပျသား ထိခိုကျဒဏျရာရတာတှရှေိ၊ ရခိုငျနဲ့ခငြျးဘကျမှာ ပွနျမဖှင့ျနိုငျသေးမယ့ျ ကြောငျးတှရှေိနေ၊ အှနျလိုငျး ပညာသငျယူရေး ကြောငျးသားတှေ ကွားစိုးရိမျ၊ ဖူးခကျမှာ တရားဝငျ မွနျမာအလုပျသမားတှေ အခကျအခဲတှေ့နေ၊ မွနျမာအပါအဝငျမဲခေါငျမွဈဝှမျးနိုငျငံတှမှော မိုးရှာသှနျးမှုလြော့ကြ။ သီတငျးပတျစဉျ - ဦးအောငျခငျရဲ့ မွနျမာ့အရေးသုံးသပျခကြျ၊ ဦးဝငျးမငျးရဲ့ ကနြျးမာရေးအစီအစဉျ၊ တိုငျးရငျးသတငျးလှှာ။