ရှေ့သီတင်းပတ်နေတိုး အထူးထိပ်သီးအစည်းအဝေး သမ္မတဘိုင်ဒင် တက်ရောက်မယ့် သတင်းအပါအဝင် နောက်ဆုံးရ နိုင်ငံတကာနဲ့ မြန်မာသတင်းတွေ၊ အင်္ဂါညဆွေးနွေးခန်း၊ အမေရိကန်နိုင်ငံရေးအကြောင်းသိကောင်းစရာ၊ ကမ္ဘာတလွှားခရီးသွား စတာတွေကို နားဆင်ကြည့်ရှုရမှာပါ။
ယင်းမာပင်နယ် ကျေးရွာနေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရ၊ ကလေးထောင်တွင်း ပစ်ခတ်နှိမ်နင်းမှု လူ၇ဦးသေဆုံး၊ ယူကရိန်းသမ္မတ ကန်လွှတ်တော်မှာမိန့်ခွန်းပြော စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။