ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၇:၀၀
ဗွီအိုအေ နံနက်ခင်း ရေဒီယို အစီအစဉ် ဇွန် ၁၄၊ ၂၀၂၂။
စစ်အာဏာသိမ်းမှုနောက် မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အလွတ်သဘော ဆွေးနွေး၊ ကရင်နဲ့ ချင်းပြည်နယ်တွင်းက တိုက်ပွဲတွေ အခြေအနေ၊ စားသုံးဆီ ဈေးထပ်တက်လာတဲ့ အကြောင်းနဲ့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှ၊ သက်တန့်ရောင် သတင်းလွှာတို့ကို နားဆင်ကြရပါမယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၁၄၊ ၂၀၂၂
မြန်မာ့လူ့အခွင့်အရေးအခြေအနေ သိသိသာသာကျဆင်းနေ၊ ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး၊ ကယား ဖရူဆိုမြို့အနီး ၄ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကိုင်း ကန့်ဘလူမှာ စစ်ကောင်စီတပ်က ၆ ရက်ဆက်တိုက် ကျေးရွာတွေမီးရှို့နေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးပါမယ်။