ထုတ်လွှင့် အစီအစဉ်
ဗွီအိုအေ နံနက်ခင်း ရေဒီယို အစီအစဉ် စက်တင်ဘာလ ၁၃၊ ၂၀၂၁။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဘက်က ဆက်လက် အတည်ပြု ခန့်အပ်ရေး ကမ ္ဘာတဝန်း ဆန္ဒပြ တောင်းဆိုနေကြတဲ့ အကြောင်း၊ မြန်မာနိုင်ငံတွင်း ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားတွေကို စုဆောင်းနေတဲ့ IIMM အကြီးအကဲနဲ့ မြန်မာ့ အရေး ဆွေးနွေးခန်း၊ ကမ ္ဘာ့သတင်းတွေထဲက မြန်မာ သတင်းများ ကောက်နုတ်တင်ပြချက်၊ မြန်မာပြည်က ပေးစာနဲ့ သတင်းတွေထဲက သုတ သတင်း ပတ်စဉ် ကဏ္ဍတွေကို နားဆင်ကြရပါမယ်။
ညပိုင်း ၉း၀၀-၁၀း၀၀
ဒီကနေ့ အစီအစဉ်တွေမှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ လက်ရှိဘဏ္ဍာနှစ် ဖြည့်စွက် ဘတ်ဂျက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်းပေါင်း ၁၀,၀၀၀ ကျော် ဖြတ်တောက်ပြီး ခွင့်ပြုလိုက်တဲ့အကြောင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက အောက်မီးလက်ဝကျေးရွာ မီးရှို့ခံရတဲ့ အခြေအနေ၊ COVID ကာလ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားလူတွေကို ငွေသားထောက်ပံ့ကြေးပေးဖို့ မြို့နယ်အလိုက် စာရင်းကောက်ယူမှုတွေ ဘယ်လို စိစစ် ဆောင်ရွက်နေကြသလဲ၊ COVID-19 ကြောင့် အရောင်း အဝယ် ရပ်တန့်ပြီး လေလွင့်ရမယ့် စိုက်ပျိုးရေး ထွက်ကုန်တွေကို နိုင်ငံတဝန်း ဖြန့်ဝေနိုင်ရေး ကြိုးပမ်းနေကြ တဲ့အကြောင်း၊ ထိုင်းနိုင်ငံကို လူမှောင်ခိုပွဲစားနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော် အဖမ်းခံရတဲ့ သတင်းနဲ့ ရှမ်းပြည်နယ်မှာ ယာဉ်တိမ်း မှောက်မှုကြောင့် လမ်းလုပ်သား ၁၀ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းတွေကို နားဆင်ရပါမယ်။ သီတင်းပတ်စဉ် အစီအစဉ်တွေအဖြစ် ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ဒေါက်တာသန့်ဇော် ရဲ့လူထုနဲ့ကျန်းမာရေးနဲ့ ကိုရန်နိုင်ရဲ့ အားကစားသတင်းလွှာ တို့ကို နားဆင်ကြရမှာပါ။ ဗွီအိုအေအစီအစဉ်တွေကို အားပေး နားဆင် ကြည့်ရှုတဲ့အတွက် အထူးကျေးဇူး တင်ပါတယ်။