ထုတ်လွှင့် အစီအစဉ်
အင်္ဂါနေ့ နံနက်ခင်း ဗွီအိုအေ ရေဒီယို-ရုပ်သံ အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှု
အင်္ဂါနေ့ နံနက်ခင်း ဗွီအိုအေ ရေဒီယိုအစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှု စစ်အာဏာသိမ်းမှု နောက်ဆုံးရ သတင်းတွေ၊ ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ ချမှတ်ခဲ့တဲ့ အကြောင်း ၊ကချင်ဘက်က တိုက်ပွဲ၊ ချင်းပြည်နယ် ကလေးမြို့မှာ Covid-19 အရေး ကြုံနေရတဲ့ အခက်အခဲတွေ၊ ထိုင်းဘက်မှာ မြန်မာဘက်က ဝင်ရောက်သူတွေ ဖမ်းခံရတဲ့ အကြောင်း စတဲ့သတင်းလွှာတွေကို ဒီမနက်ခင်းမှာ နားဆင်ရပါမယ်။ အပတ်စဉ် ကဏ္ဍတွေထဲမှာတော့ စီးပွားရေးနဲ့ ဘလော့ဂါတွေ ပြောသမျှ အစီအစဉ်တို့ကို ထုတ်လွှင့်ပေးမှာပါ။
VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
နောက်ဆုံးရ မြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အမှုများနောက်ဆုံးအခြေအနေ၊ ရန်ကုန်က သုသာန်တွေမှာ မီးသဂြိုၤလ်သူ အဆမတန်များပြားလာ၊ ကိုဗစ်ရောဂါသည်တွေအတွက် အောက်ဆီဂျင်လိုအပ်ချက်ကြီးနေဆဲ၊ ကနီမြို့ ယင်းရွာအနီးမှာ အလောင် ၁၅ လောင်းတွေ့ရှိတဲ့သတင်းတွေ နားဆင်ရပါတယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ အင်္ဂါနေ့ညစကားဝိုင်းနဲ့ အမေရိကန်နိုင်ငံရေးတို့ကို ထုတ်လွှင့်ပေးပါမယ်။ VOA ကိုနားဆင်တဲ့အတွက ်ကျေးဇူးတင်ပါတယ်။