သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထုတ်လွှင့် အစီအစဉ်

၀၆:၀၀ - ၀၇:၀၀

နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ

ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - ထိုင်း-မြန်မာ နယ်စပ်က မြဝတီ ချစ်ကြည်ရေးတံတားပြန်ဖွင့်ဖို့ နှစ်နိုင်ငံ ဆွေးနွေးနေကြတာ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ကို မဲပေးခဲ့ကြသူတွေ လာမယ့် ရွေးကောက်ပွဲမှာရော မဲပေးကြဦးမှာလား၊ အမေရိကန်မှာ ပညာသင်ကြတဲ့ နိုင်ငံခြားသားကျောင်းသားတွေနဲ့ဆိုင်တဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်လိုက်တဲ့အပေါ် သမ္မတ Trump အစိုးရကို ဝေဖန်နေကြတာ၊ ကိုဗစ် ကန့်သတ်ချက်တွေကြောင့် အိန္ဒိယမှာ အွန်လိုင်းကဘဲ တက်နေရတဲ့ အခက်အခဲကို ကျောင်းသားတွေ ဘယ်လို ကျော်လွှားနေကြသလဲ စတဲ့ သတင်းလွှာတွေနဲ့အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍတွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

၂၁:၀၀ - ၂၁:၅၉

ညပိုင်း ၉း၀၀-၁၀း၀၀

ဒီနေ့အစီအစဉ်မှာ ထိပ်တန်းရောက် နိုင်ငံတကာနဲ့ ဒေသတွင်းသတင်းတွေအပြင် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ မှာ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက ပထမဆုံး ၄ လပြည့် အစီရင်ခံစာ ဒီကနေ့ တင်သွင်းမယ့်အပေါ် သုံးသပ်ချက်၊ ထိုင်းနိုင်ငံက ပြန်လာကြမယ့် မြန်မာနိုင်ငံသားတွေကို COVID-19 ရောဂါရှိမရှိ စစ်ဆေးဖို့ စီစဉ်နေတဲ့အကြောင်း စတဲ့သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ် တင်ဆက်ပေးနေတဲ့ ဒို့အသံအစီအစဉ်၊ COVID-19 ကပ်ရောဂါကို ရင်ဆိုင်ရာမှာ မီဒီယာရဲ့အခန်းကဏ္ဍနဲ့ သတင်းသမားတွေ ကြုံနေရတဲ့စိန်ခေါ်မှုတွေအကြောင်း စနေနေ့ဆွေးနွေးခန်း အစီအစဉ်တွေကိုလည်း နားဆင်ကြရပါမယ်။ ဗွီအိုအေကို နားဆင်ကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ----------------------------------- (UNICODE) ဒီနေ့အစီအစဉျမှာ ထိပျတနျးရောကျ နိုငျငံတကာနဲ့ ဒသေတှငျးသတငျးတှအေပွငျ လူမြိုးတုနျးသတျဖွတျမှု စှပျစှဲခကြျနဲ့ ICJ မှာ ရငျဆိုငျနရေတဲ့ မွနျမာနိုငျငံက ပထမဆုံး ၄ လပွည့ျ အစီရငျခံစာ ဒီကနေ့ တငျသှငျးမယ့ျအပေါျ သုံးသပျခကြျ၊ ထိုငျးနိုငျငံက ပွနျလာကွမယ့ျ မွနျမာနိုငျငံသားတှကေို COVID-19 ရောဂါရှိမရှိ စဈဆေးဖို့ စီစဉျနတေဲ့အကွောငျး စတဲ့သတငျးဆောငျးပါးတှနေဲ့ အပတျစဉျ တငျဆကျပေးနတေဲ့ ဒို့အသံအစီအစဉျ၊ COVID-19 ကပျရောဂါကို ရငျဆိုငျရာမှာ မီဒီယာရဲ့အခနျးကဏ်ဍနဲ့ သတငျးသမားတှေ ကွုံနရေတဲ့စိနျခေါျမှုတှအေကွောငျး စနနေေ့ဆှေးနှေးခနျး အစီအစဉျတှကေိုလညျး နားဆငျကွရပါမယျ။ ဗှီအိုအကေို နားဆငျကွတဲ့အတှကျ ကြေးဇူးအထူးတငျပါတယျ။

XS
SM
MD
LG