Elon Musk က ပြည်ထောင်စု အစိုးရ ဝန်ထမ်းတွေ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း သူတို့ရဲ့ လုပ်ငန်း ပြီးမြောက်မှုတွေကို စာရင်းပြုစု တင်ပြဖို့ ဒါမှမဟုတ်ရင် အလုပ်က ထုတ်မယ်ဆိုပြီး ပြောဆိုထားတာကို ချက်ချင်း အကြောင်းမပြန်ကြဖို့ အမေရိကန် အစိုးရ ဌာန တချို့က သူတို့ ဝန်ထမ်းတွေကို ညွှန်ကြားထားပါတယ်။
“တချို့ ရှုပ်ထွေးတဲ့ ရောဂါမျိုးတွေကို ဒုက္ခသည်စခန်းက ဆေးမှုတွေအနေနဲ့ ကုသပေးဖို့၊ ဒါမှမဟုတ် ပစ္စည်းကရိယာ မလုံလောက်တာစတဲ့အခက်အခဲတွေရှိပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နေ့က ဒုက္ခသည်စခန်းမှာ အရေးပေါ်လူနာတင်ယဉ်တစီးထားပေးဖို့ဆွေးနွေးပြီးစီစဉ်ပေးထားပါတယ်။”(ဒေါက်တာ တဝချိုင် ယဉ်တဝီဆတ် -ဆေးရုံရဲ့ညွန်ကြားရေးမှူး)
အီတလီနိုင်ငံက ရွာငယ်လေးတရွာမှာ ဘဝတလျှောက်လုံးနေလာခဲ့တဲ့ အမွှာညီအမ ဘွားဘွား ၂ ဦးနဲ့ နှစ် ၂၀၀ ပြည့်မွေးနေ့ပွဲကို ဆွေမျိုးတသိုက် ဆင်နွှဲခဲ့ကြပါတယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ဆို ဒီလောက် အသက်မရှည်ပါဘူး၊ ဘုရားပေးတဲ့ ဆုနဲ့မို့ ဒီလောက်အသက်ရှည်ရှည်နေနိုင်တာပါလို့ ဘွားဘွားတွေက အင်တာဗျူးမှာ ပြောပါတယ်။
ဆွိစ်ဇလန်နိုင်ငံ နှင်းဖုံးတောင်တွေကြားမြို့ငယ်လေးမှာ ကျင်းပတဲ့ မီးပုံပျံပွဲတော်အတွက် နိုင်ငံစုံက ဧည့်သည်တွေ လာရောက်ကြပါတယ်။မီးပုံးပျံစီးတာ ကြိုက်တဲ့သူတွေအတွက်တော့ လေထဲရောက်သွားတာနဲ့ မြေပြင်က နိစ္စဓူဝ ပြဿနာတွေက အရေးမကြီးတော့သလို စိတ်ချမ်းသာစေတယ်လို့ ပြောကြပါတယ်။
မြားပစ်အားကစားနည်းဟာ ယီမင်နိုင်ငံအတွက် အားကစားနည်းသစ်တခုဖြစ်ပါတယ်။ Atheer al-Husaini ကတော့ ၂၀၂၁ ခုနှစ် နိုင်ငံအဆင့် ရွှေတံဆိပ်ရတဲ့ ၁၇ နှစ်အရွယ် အမျိုးသမီးလေးပစ်အားကစားမယ်လေးဖြစ်ပြီး လာမယ့်အိုလံပစ်အားကစားပွဲမှာ နိုင်ငံကိုယ်စားပြုပြီး ယှဉ်ပြိုင်နိုင်ဖို့ ရည်မှန်းကြိုးစားနေပါတယ်။
ဒီနှစ်ကျရောက်တဲ့ တရုတ်နှစ်သစ်ဟာ တရုတ် ရိုးရာ ၁၂ ရာသီခွင်အရ ယုန်နှစ်ဖြစ်ပေမဲ့ ဗီယက်နမ်နိုင်ငံမှာတော့ ဒီနှစ်က ကြောင်နှစ် ဖြစ်ပါတယ်။ တရုတ်ရာသီခွင်နဲ့ ဗီယက်နမ်ရာသီခွင်မှာ နောက်ထပ် အနည်းငယ်ကွဲပြားမှုကတော့ တရုတ် နွားနှစ်ကို ဗီယက်နမ်က ကျွဲနှစ်အဖြစ် အယူရှိတာပါ။
အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ် စကတ်ဂ်ဝေးမြို့မှာ ခွေးကျောင်းတဲ့အလုပ်လုပ်တဲ့ ဇနီးမောင်နှံ သူတို့ခွေးကြိုတဲ့ဖယ်ရီခရီးရယ် ခွေးကျောင်းထွက်တဲ့ ဗွီဒီယိုတွေရယ်ကို လူမှုကွန်ရက် စာမျက်နှာမှာတင်တော့ အထူးလူအကြည့်များပြီး TikTok မှာ ကြည့်ရှုမှုပေါင်း သန်း ၅၀ ကျော်ပါတယ်။
ဗြိတိန်နိုင်ငံက ကလေးငယ်တဦးဟာ လူ ၁၀၀ မှာ ဉာဏ်အရည်အသွေးအမြင့်ဆုံး ထိပ်ဆုံး ၂ ဦးနေရာ အဆင့်အတန်းရှိသူတွေပဲ ပါဝင်ခွင့်ရတဲ့ မန်ဆာအဖွဲ့ထဲကို အသက် အငယ်ဆုံးအဖြစ် ဝင်ရောက်လာပါတယ်။ သူက အသက် ၃ နှစ်အရွယ်မှာ ဉာဏ်ရည်စစ်စာမေးပွဲကို ဖြေဆိုခဲ့ပြီး အမှတ်ပြည့် ၁၆၀ မှာ ၁၃၉ မှတ် ရရှိခဲ့တာပါ။
ကမ္ဘာကျော် ဘောလုံးသမား မက်ဆီကို ကမ္ဘာ့ဖလား ဆုဖလားဆွတ်ခူးပေးနိုင်လို့ တစ်နိုင်ငံလုံး အထူးကျေးဇူးတင်ကြတာမှာ ပြောင်းစိုက်ပျိုးသူတဦးကတော့ အထူးခြားဆုံးဖြစ်ပါတယ်။ သူက ကွန်ပြူတာ ပုံဖော်နည်းပညာသုံးကာ ပြောင်းဖူးပင်တွေကို စိုက်ပျိုးပြီး ပြောင်းစိုက်ခင်းကို မက်ဆီ့မျက်နှာပုံ ဖော်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဖို့ဒ်ဟုဒ်စစ်အခြေစိုက်စခန်းက အများစုဖြစ်တဲ့ M-1 တင့်ကားတွေနဲ့ တိုက်ခိုက်ရေးမော်တော်ယာဉ်တွေ အများစုအပါအဝင် စစ်သုံးကိရိယာနဲ့ ကားတွေကို ယူကရိန်းစစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသဆီပို့ဆောင်ဖို့ ခရီးတထောက်အဖြစ် နယ်သာလန်နိုင်ငံကို ၂၀၂၃၊ ဇန်နဝါရီ ၁၁ ရက်နေ့က ရောက်ရှိသွားပါပြီ
မြန်မာနိုင်ငံမှာ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန် အစိုးရက တောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဖြေရှင်းကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တိုက်တွန်းလိုက်ပါတယ်။
ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေ NATO အဖွဲ့ဝင် လျှောက်ထားမှုကို ကန့်ကွက်ထားတဲ့ အပေါ် တူရကီနိုင်ငံက အင်္ဂါနေ့မှာ ရုပ်သိမ်းပေးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ထဲကို လူကုန်ကူးသူတွေ ခေါ်ဆောင်လာတဲ့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ အပူဒဏ်ကြောင့် ကုန်တင်ယာဉ်နောက်ခန်းထဲမှာ သေဆုံးရသူ အရေအတွက်ဟာ အင်္ဂါနေ့မှာ ၅၀ အထိ ရှိသွားပြီလို့ မက္ကစီကို သမ္မတ Andres Manuel Lopez Obrador ကပြောပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို အမျိုးသမီးတွေရဲ့ အခြေခံ ဥပဒေ အခွင့်အရေး အဖြစ် သတ်မှတ်ထားတဲ့ ရာစုနှစ်ဝက် သက်တမ်းရှိ Roe v. Wade စီရင်ထုံးကို ပယ်ဖျက်လိုက်တဲ့ တရားရုံးချုပ်ရဲ့ ရှေ့မှာ စနေနေ့က လူပေါင်းရာချီ စုဝေးခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ဟာ အရှေ့တောင် အာရှ နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေး အပါအဝင် ဒေသတွင်း ကိစ္စတွေကို လာမယ့် သီတင်းပတ် တခုလုံး အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးမယ့် အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန အကြီးတန် တာဝန်ရှိသူ တဦးက စနေနေ့မှာ ပြောပါတယ်။
အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ် အစိုးရပိုင် မြေနေရာမှာ ကျူးကျော် အိမ်တွေ ဆောက်လုပ်နေထိုင်တဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့ အိမ်ယာတွေကို ပြည်နယ်အစိုးရက ဖယ်ရှား ရှင်းလင်းပြီး သူတို့ကို ယာယီ တဲတွေဆီ ပြောင်းရွှေ့လိုက်ပါတယ်။
အာရှဒေသ ပင်လယ်ပြင်မှာ စစ်သဘောၤ နှစ်စင်း အမြဲတမ်း တပ်ချမယ့် အကြောင်း ဗြိတိန်က အင်္ဂါနေ့မှာ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေထဲက မြန်မာနိုင်ငံဘက် ပြန်ချင်သူတွေကို စပို့ဖို့ အစီအစဉ်လုပ်နေပေမယ့် မြန်မာနိုင်ငံဘက် အခြေအနေတွေက အဆင်သင့်မဖြစ်သေးဘူးလို့ ကုလသမဂ္ဂကပြောပါတယ်။
ဒီနေ့ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုသူတွေထဲမှာ တိုင်းရင်းသားဒေသတွေက ကက်လသစ် ခရစ်ယန်ဘာသာဝင်တွေလည်း အများအပြားပါဝင်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ရန်ကုန်မြို့ကိုလာပြီး စောင့်စိုင်းနေခဲ့ကြတာပါ။ AP, Reuter နဲ့ AFP သတင်းတွေမှာဖေါ်ပြတဲ့ တိုင်းရင်းသားတချို့ရဲ့ ပြောပြချက်တွေကို စုစည်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်