ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၄ - ၂၀၀၈ ဖွဲ့စည်းပုံ နဲ့ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ သဘောထားအမြင်၊ သုံးသပ်ချက်တွေကို မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖေဖေါ်ဝါရီ ၁၉၊ ၂၀၁၄ - မြန်မာနိုင်ငံရှိ အောက်ခြေလူတန်းစား လူ့အဖွဲ့အစည်း၊ လူငယ်များရဲ့ လူမှုဘဝ အခြေအနေ၊ အကြောင်းအရာများကို မြန်မာနိုင်ငံသွားရောက်ခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သားများနဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဖေဖေါ်ဝါရီ ၁၂၊ ၂၀၁၄ - တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့ စစ်မှန်ငြိမ်းချမ်းသော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဘာတွေလုပ်ဖို့ လိုအပ်နေလဲ။ အတိတ်သမိုင်း နဲ့ အနာဂတ် အလားအလာတို့ကို သမိုင်းပညာရှင် ဦးထွန်းအောင်ရှိန်နဲ့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဇန်နဝါရီ ၈၊ ၂၀၁၄ - မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ ဘယ်ဘက်ကို ရွေ့ခဲ့သလဲ၊ ဘယ်လောက်ထိ ရွေ့ခဲ့သလဲ၊ ၂၀၁၄ ခုနှစ်အတွက်ကော အလားအလာ ဘယ်လိုရှိသလဲ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဒီဇင်ဘာ ၁၉၊ ၂၀၁၃ - SEA Games အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းရှုံးနှိမ့်ပြီး အုပ်စုပွဲကနေ ထွက်သွားရတဲ့အခြေအနေ၊ မကျေနပ်ဖြစ်ကြတဲ့ ပရိသတ်ရဲ့ ရုန်းရင်ဆန်ခတ် ဖြစ်ကြတဲ့ အခြေအနေတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။
ဒီဇင်ဘာ ၁၁၊ ၂၀၁၃ - ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုက်လို့ တိုင်းပြည်အတွက် အန္တရာယ်တစုံတရာ ရှိလာနိုင်ပါသလား Georgetown တက္ကသိုလ်၊ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဒီဇင်ဘာ ၄၊ ၂၀၁၃ - မြန်မာနိုင်ငံမှ ပြန်လည်ရောက်ရှိလာတဲ့ ဗွီအိုအေမြန်မာသတင်းထောက် ကိုဇော်ဝင်းလှိုင် နဲ့ ဦးကျော်ဇံသာတို့ မြန်မာ့နိုင်ငံရေး အခြေအနေ၊ အကြောင်းအရာများကို ဆွေးနွေးသုံးသပ်ထားပါတယ်။
နိုဝင်ဘာ ၂၇၊ ၂၀၁၃ - ဒီမိုကရေစီအရေးတော်ပုံနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ DVB ခေါ် ဒီမိုကရက်တစ်မြန်မာ့အသံဟာ နော်ဝေနိုင်ငံကနေ ရုတ်သိမ်းပြီး မြန်မာနိုင်ငံအတွင်းမှာ အဓိက အခြေစိုက်တော့မှာ ဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲ နဲ့ ရှေ့လုပ်ငန်းစဉ် အလားအလာများကို ဆွေးနွေးသုံးသပ်ထားပါတယ်။
နိုဝင်ဘာ ၂၀၊ ၂၀၁၃ -သတင်းလွတ်လပ်ခွင့် ရှိလာပြီဆိုတဲ့ မြန်မာနိုင်ငံမှာ သတင်းထောက်တွေ သတင်းရယူတဲ့အခါ ဟန့်တားပိတ်ပင်ခံရတာတွေ ရှိနေသေးတယ်ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
နိုဝင်ဘာ ၆၊ ၂၀၁၃ - ကချင်ပြည် မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ တိုင်းရင်းသားအင်အားစုများ ပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်း ဆွေးနွေးသုံးသပ်ထား ...
အောက်တိုဘာ ၃၀၊ ၂၀၁၃ - မြန်မာနိုင်ငံရဲ့လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ့် ဒီမိုကရေစီနှင့် ကိုက်ညီအောင် ပြုပြင်မယ့်အရေးကို စစ်တပ်က လက်ခံမလား။
“တိုင်းပြည်ဟာ စစ်တပ်ရဲ့အခိုင်းအစေ မဖြစ်သင့်ပါဘူး၊ စစ်တပ်ဟာ တိုင်းပြည်ရဲ့အောက်ခြေ ဖြစ်ရပါလိမ့်မယ်။ ဒါဟာ Sandhurst တက္ကသိုလ်က သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။” (ဒေါ်အောင်ဆန်းစုကြည်-Sandhurst မိန့်ခွန်း)
အောက်တိုဘာလ ၂၃၊ ၂၀၁၃ - စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး နဲ့ ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများရဲ့ သဘောထား၊ ရပ်တည်ချက်၊ မျှော်လင့်ချက် ...
အောက်တိုဘာ ၁၆၊ ၂၀၁၃ - အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တ္တလေးနဲ့ နေရာအတော်တော်များမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသုံးသပ် တင်ပြထား ...
အောက်တိုဘာ ၉၊ ၂၀၁၃ - အချိန်ကိုက် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေတာလားဆိုတာကို နိုင်ငံရေးအကျဉ်းသား အကျိုးဆောင်၊ သတင်းသမားများနဲ့ ဆွေးနွေးထား ...
အောက်တိုဘာ ၂၊ ၂၀၁၃ - ၈၈ မျိုးဆက်များ နိုင်ငံရေးပါတီ ထူထောင်ပြီး နိုင်ငံရေး လှုပ်ရှားသင့်မသင့်နဲ့ ပတ်သက်ပြီး လူဘောင်သစ်ပါတီခေါင်းဆောင်နဲ့ ဆွေးနွေးထား ...
“နိုင်ငံတကာရဲ့ နိုင်ငံရေးအရ အားပေးမှုတွေဟာလည်း အလွန် အရေးပါခဲ့ပါတယ်။ တခါတလေမှာ နိုင်ငံတကာ သံတမန်ရေးအရ ပူးပေါင်းကူညီမှုတွေနဲ့ ဆုပေးဒဏ်ပေး သဘောမျိုး ဆောင်ရွက်ချက်တွေဟာ ငွေကြေးထောက်ပံ့မှုတွေထက်တောင် ပိုပြီး ထိရောက်ခဲ့ပါတယ်။"
"ဖွဲ့စည်းပုံပြင်ဆင်မယ်ဆိုရင်တော့ တင်းမာမှုကတော့ ရှိမှာပါပဲ။ ပြင်ဆင်ရေးကို တချို့က လိုလားမယ်။ တချို့က ဆန့်ကျင်မယ်။ တင်းမာမှုကတော့ ရှိမှာပါပဲ။ ဒါဟာ ဒီမိုကရေစီ ရေးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တရပ်ပါ။ သဘောထားကွဲလွဲတာကို လက်ခံနိုင်ကြောင်း ပြသတဲ့အချက်ပါ။ ဒီမိုကရေစီမှာ အာဏာဗဟိုဟာ တနေရာတည်းမှာ စုနေတာမဟုတ်ပါဘူး။"
စက်တင်ဘာ ၁၁၊ ၂၀၁၃ - မြန်မာနိုင်ငံ ရွှေဘိုနယ်အတွင်း ကျေးလက်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်နေသူ ဆရာဦးသိန်းထွန်းနဲ့ ဆွေးနွေးထား ...
Economic Development of Burma: A Vision And A Strategy စာအုပ်ပြုစုသူ စီးပွားရေးပညာရှင် ဦးခင်မောင်ကြည် စင်ကာပူနိုင်ငံမှာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ သောကြာနေ့က ကွယ်လွန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်