ထိုင်းနိုင်ငံ၊ ကမ်ချနဘူရီပြည်နယ်၊ ထုံဖာပွန် မြိုနယ်ထဲမှာ တရားမဝင် မြန်မာတွေသယ်ဆောင်လာတဲ့ ကားတစီးကို ရဲ၊ စစ်တပ်၊ နယ်မြေအုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးရာကနေ ကားကမောင်းပြေးတာကြောင့် လိုက်လံဖမ်းဆီးမူတွေ လုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် DKBA ဌာနချုပ် ရှိရာ ဆုံဆည်းမြိုင်ရွာ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲလမ မြိုနယ်ထဲမှာ လူကုန်ကူးသမားတွေ ဝင်ရောက်လာမယ်ဆိုတာကို သတင်းရတဲ့အတွက် ထိုင်းအာဏာပိုင်တွေက စောင့်ပြီး ဖမ်းဆီးရာမှာ ကား၂စီးနဲ့လာတဲ့ မြန်မာနိုင်ငံသား ၁၅ယောက်ကို ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့KNDO ပူးပေါင်းတပ်ဖွဲ့တွေကြား လပေါင်း၂၀ ကြာ တိုက်ပွဲဆက်တိုက်ဖြစ်ခဲ့ပြီး တိုက်ပွဲပေါင်း ၆ ထောင်ကျော်ဖြစ်ခဲ့သလို ၊ စစ်ကောင်စီရဲ့စခန်းကြီး ၉ ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကေအန်ယူကသတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလအတွင်း အလုပ်ဖြုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေ သိန်းနဲ့ချီ ရှိခဲ့တဲ့အနက် အလုပ်သမား ကာကွယ်စောက်ရှောက်ရေးရုံးကို တိုင်ကြားအမှုဖွင့်ခဲ့တဲ့ ရေသန့်ဗူး စက်ရုံအလုပ်သမား ၂၉ ဦးအတွက် နစ်နာကြေး ပြန်ရခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှာ ဒေါ်လာအတုကိုင်ဆောင်မှုနဲ့ ဖေဖေါ်ဝါရီလက အဖမ်းခံထားရဲ့ မြန်မာမိန်းကလေးနှစ်ဦးကို ထိုင်းနိုင်ငံက ချုပ်ရက်နဲ့ ဒဏ်ကြေးငွေကို ချေပြီး ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပေမယ့် ဒေါ်လာအတု ထုတ်ပေးလိုက်တဲ့ ကုမ္ပဏီကိုတော့ အရေးယူမှုမျိုး မတွေ့ရကြောင်း ဒီအမှုရဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။
ဘတ် ၁၄ သန်းခန့်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ခိုးယူရာမှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိတဲ့ မြန်မာလူငယ် ၃ ဦးအပါအဝင် လူ ၉ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး အကျဉ်းထောင်ထဲ ပို့ထားပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဘုရားကုန်းစခန်းအတွက် လက်နက်ခဲယမ်း လာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖမ်းမိခဲ့ပြီး၊ လက်နက်ခဲယမ်း အမြောက်အများကိုပါ သိမ်းဆည်းရမိခဲ့တဲ့အကြောင်း KNLA ၊ PDF အဖွဲ့တွေ ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းက ပြောပါတယ်။
သထုံခရိုင် ဘီးလင်းမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေးကေစစ်တပ်စခန်းက (ခမရ - ၄၀၁၊ ခမရ-၄၁၀) ပူးပေါင်းတပ်ဖွဲ့ဟာ ဘီးလင်းမြို့နယ် ဝင်းတာပန်စစ်စခန်းကအပြန် ဒေသခံအရပ်သား ၉ ဦးကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။
“ထိုင်းမလေးနယ်စပ်တွေမှာ အဖမ်းခံရတဲ့လူတွေကိစ္စ ပိုပြီးစိုးရိမ်ရပါတယ်။ CDM သမားတွေလည်းပါတယ်။ နိုင်ငံရေးအခက်အခဲတွေ၊ လှုပ်ရှားမူတွေကြောင့် နေထိုင်လို့မရလို့ ဒီဘက်ကို ခိုလှုံဖို့ရောက်လာကြသူတွေလည်းပါတယ်။ ၁၀၀ မကဘူး။ နှစ်ရာ၊ သုံးရာလောက်ထိရှိတယ်။”(ဆလိုင်းမောင်မောင်လတ်-ACR အဖွဲဥက္ကဋ္ဌ)
“သူတို့စစ်တပ်ဝင်လာတော့ KNU က သူ့နယ်မြေအပိုင်မှာမဝင်ဖို့၊ အဲဒါ သူတို့ကမနေတော့ KNU ကဝင်တိုက်တာပေါ့နော်။ စစ်တပ်က ရွှေကျင်ကနေ ကျောက်ကြီးအထိ အနားမှာကင်းစခန်းတွေချထားတာပေါ့နော်။ အဲဒါကို KNU က ဝင်တိုက်တော့သူတို့ဘက်က ထွက်ပြေးတယ်။ ဒဏ်ရာရကြတဲ့သူတွေရှိတယ်။“ (ဒေသခံ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNU) အပါအဝင် လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားရာက အရပ်သား သေဆုံးမှုတွေပါ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
မြန်မာနဲ့ကပ်လျက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်ပရပ်ကွက်က မြန်မာတရားရိပ်သာတခုကို ထိုင်းရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းပြီး ဘုန်းကြီးမယ်သီလအပါအဝင် အထောက်အထားမဲ့မြန်မာ ၄၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး ထိုင်းနာမည်ကြီးသတင်းစာတစောင်ကတော့ မြန်မာအစိုးရရဲ့ ထောက်လှမ်းရေးတွေအဖြစ် ရေးသားဖော်ပြနေပါတယ်။
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အကျအဆုံးများခဲ့သလို တပ်ထဲက စစ်သားတွေထဲ တိုက်ခိုက်ချင်စိတ်တွေ ကျဆင်းနေတယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံးကို လက်နက်ချလာတဲ့ မြန်မာစစ်သား ၂ ဦးက ပြောပါတယ်။ မအေးအေးမာ တွေ့ဆုံမေးမြန်းထားပါတယ်။
“သူတို့က မိသားစုနဲ့ဖက်ပြီးတော့ နေတာ။ ကျနော်တို့က ဒီမှာ အငတ်ငတ် အပြတ်ပြတ်နဲ့၊ ပေတိပေစုတ်နဲ့ တောထဲမှာ ကျနော်တို့နေခဲ့ရတာ။ သူ့ကိုလည်း မုန်းတာလည်းမဟုတ်ဘူး၊ ကိုယ့်ကိုလည်း မုန်းတာလည်းမဟုတ်ဘဲနဲ့ လူလူချင်း စစ်တိုက်နေရတာ။ ကျနော်က အဲဒါကို လက်မခံဘူး။”(ဒုတပ်ကြပ်ဟောင်း ထင်ကျော်)
ထိုင်းနိုင်ငံ၊ စံခရဘူရီ ပြည်နယ်ထဲက အဝေးပြေးလမ်းမကြီးမှာ အထောက်အထားမဲ့ မြန်မာတွေကို သယ်ဆောင်လာတဲ့ ကားတစီး သြဂုတ်လ၂၈ ရက်၊ ဒီနေ့မနက် အစောပိုင်းမှာ ကားတိမ်းမှောက်ခဲ့တာကြောင့် တရားမဝင်မြန်မာအလုပ်သမား (၄) ဦး၊ သေဆုံးပြီး (၉) ဦး ပြင်းထန်တဲ့ဒဏ်ရာ ရခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အခြေခံ လုပ်ခလစာ ၅.၀၂ ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့အတွက် ထိုင်းအစိုးရ လုပ်ခ၊လစာ ကော်မတီ က သောကြာနေ့က သဘောတူခဲ့ပါတယ် ။ ဒီအတွက် တနိုင်ငံလုံး အနေအထားအရ စီးပွားဖွံဖြိုးတိုးတက်တဲ့ နယ်မြေတွေအပေါ် မူတည်ပြီး တိုးမြှင့်ပေးသွားမှာဖြစ်ပါတယ် ။
ထိုင်းနိုင်ငံမှာ တရားဝင် အထောက်အထားတွေနဲ့ အလုပ်လုပ်ကိုင်ဖို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာကြတဲ့ မြန်မာလုပ်သား ၃၀၀ နီးပါဟာထိုင်း မြန်မာနယ်စပ် မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား(၂)ကနေ သြဂုတ်လ (၂၆)ရက်နေ့မှာ ထပ်မံဝင်ရောက်လာပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်တွေကြား တိုက်ပွဲဖြစ်နေတဲ့အတွက် မြဝတီမြို့တောင်ဘက် ဆုံဆည်းမြိုင်-ဥကရစ်ထ-ဝေါလေ ဥကရစ်ထ လမ်းဆုံကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့တပ်စွဲထားပြီး ဖြတ်သန်းသွားလာခွင့် မရှိကြောင်း ဒေသခံတွေကဆိုပါတယ်။ ကုန်သည်တွေ အခက်ကြုံနေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်