“မြန်မာအစိုးရအနေနဲ့ စစ်မှန်တဲ့ အပြောင်းအလဲတွေကို စတင်လုပ်ဆောင်နေပြီဆိုတာကို အထင်အရှား တွေ့လာရတဲ့ အချိန်အထိ ထိတွေ့ဆက်ဆံမှုတွေကို လျှော့ချသွားဖို့ လိုမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အမေရိကန် အစိုးရရဲ့ မဟာဗျူဟာကို လည်း ပြန်ဆန်းစစ်ရလိမ့်မယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ ဟာ ပြုပြင်ပြောင်းလဲမှုတွေကို စစ်စစ်မှန်မှန် လုပ်ဆောင်နေတာကို မတွေ့ရသေးတဲ့အတွက် နောက်ပြန်ဆုတ်သင့်ပါတယ်။"
Billboard တေးမဂ္ဂဇင်းရဲ့ ဒီတပတ်အတွက်Hot အဖြစ်ဆုံး တစ်ပုဒ်ချင်း တေး အပုဒ် တစ်ရာ စာရင်းထဲမှာ ထိပ်ဆုံးရောက်နေတဲ့ သီချင်းငါးပုဒ်အကြောင်း
Viber သုံးပြီး Smart ဖုန်းနဲ့ အဆက်အသွယ်လုပ်ကြတဲ့အခါ ဘယ်လိုသုံးနိုင်လဲဆိုတာ နားဆင်ကြည့်ပါ
မြန်မာနိုင်ငံနဲ့ နိုင်ငံရပ်ခြား မိသားစု သူငယ်ချင်းမိတ်ဆွေများ အင်တာနက်သုံးပြီး အဖိုးခနည်းနည်းနဲ့ တယ်လီဖုန်းဆက်ကြတဲ့အကြောင်းပါ။
မယ်စကြာဝဠာ သရဖူဆောင်းခဲ့သူ Miss Olivia Culpoနဲ့ မြန်မာနိုင်ငံ Miss Universe ယှဉ်ပြိုင်ရေးစီစဉ်သူနဲ့ မကြေးမုံတို့ စကားပြောထားတာ နားဆင်ကြည့်ပါ။
မဲခေါင်ဒေသ ငါးနိုင်ငံ ကိုယ်စားပြုလူငယ်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ဖိတ်ကြားပြီးတော့ အမေရိကန်ပြည်ထောင်စုမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ လေ့လာဖို့ခေါ်ယူခဲ့တဲ့အခါ မြန်မာလူငယ်နှစ်ဦးလည်း ပါဝင်ပါတယ်။
ဗွီအိုအေ အသံလွှင့်ဌာန ရုံးချုပ်ကို အလည်ရောက် လာတဲ့ မြန်မာတိုင်းရင်းသားတွေနဲ့ မိတ်ဆက်ပေးပါမယ်။
"အဓိကပြဿနာက ကျနော်မြင်တာကတော့ တဘက်နဲ့တဘက် အပြန်အလှန် ယုံကြည်မှု မရှိတဲ့ အပေါ်မှာပဲ အခြေခံတယ်လို့ ကျနော်မြင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းကြားထဲမှာ တည်ဆောက်တဲ့အခါမှာ အရင်ဦးဆုံး ယုံကြည်မှုရအောင် တည်ဆောက်ရမယ်"
"လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး ဦးဆောင်တဲ့ DDI ဌာနဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တစိတ်တဒေသပါ။ မြန်မာကာကွယ်ရေးဝန်ကြီးဌာနကလည်း မြန်မာအစိုးရရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာဟာ လူပုဂ္ဂိုလ် တဦး တယောက်နဲ့ပဲ ဆိုင်တဲ့ပြဿနာ မဟုတ်ပါဘူး။ မြန်မာအစိုးရနဲ့ ဆိုင်တဲ့ကိစ္စပါ"
"အဲ့ဒီမှာ ၁၆ နှစ်အရွယ် ကောင်လေးတစ်ဦး အပါအဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ပြီးတော့ ပစ်တိုသေနတ် ၄ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းမိတဲ့ မူးယစ်ဆေးဝါး ပမာဏ များလွန်းတာမို့လို့ မီဒီယာရှေ့မှာ ခင်းကျင်းပြဖို့အတွက် အထုတ်တွေ ဖြီတာကိုပဲ တပ်ဖွဲ့ဝင်တွေ ၁၀ မိနစ်လောက် အချိန်ယူခဲ့ရပါတယ်"
“ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အရမ်း လွှမ်းမိုးမှု ရှိတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက လွှမ်းမိုးနေတဲ့ အခါကျတော့ တရားစီရင်ရေး မဏ္ဍိုင်က ဖြောင့်ရဲ့လားဆိုတာ လုံး၀ ပြောဖို့ရာ ခက်သွားပြီ"
အမေရိကန်ပြည်ထောင်စုမှာ မေလ ၁၂ရက်နေ့မှာ ကျရောက်တဲ့ မိခင်များနေ့ အမှတ်တရအနေနဲ့ ဘယ်လိုဆင်နွှဲကြသလဲ သားသမီးနဲ့ မိခင်ကြား ထားရှိတဲ့ အပြန်အလှန် မေတ္တာတရားကို ဖော်ကျူးကြတဲ့ ချစ်စရာ အလေ့အထလေးအကြောင်း ဒီသီတင်းပတ်ရဲ့ စကားပြောကြရအောင်မှာ နားဆင်ကြည့်ပါ။
ဒီသီတင်းပတ်ရဲ့စကားပြောကြရအောင်မှာ ဝါရှင်တန်ဒီစီမြို့တော် ကို ရောက်ရှိနေတဲ့ မြန်မာလူငယ်နှစ်ဦးဖြစ်တဲ့ ကိုစည်သူနဲ့ ကိုမော်ထွန်းအောင်တို့ကို ဗွီအိုအေ မြန်မာပိုင်းဌာနကို ဖိတ်ခေါ်စကားပြောထားပါတယ်။
ဂီတလောကကို နုတ်ဆက်ပြီးတော့ သူဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကို ပိုအာရုံစိုက်တော့မယ်ဆိုပြီး ကမ္ဘာ့မြို့ကြီးတွေကို ဖျော်ဖြေရေးခရီးစဉ်ထွက်မယ့် ကမ္ဘာ့အထင်ပေါ်ဆုံး အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ Meat Loaf အကြောင်း နားဆင်ကြည့်ရအောင်ပါ။
၁၇ရာစုကစပြီး နံမည်ကျော်ခဲ့တဲ့ သီချင်းကအစ အခုခေတ် ခေတ်စားနေတဲ့ သီချင်းအဆုံး နွေဦးပေါက်နဲ့ စတဲ့သီချင်းလေးတွေကို နားထောင်ရင်း အင်္ဂလိပ်စာလေ့လာလိုသူတွေအတွက် အထောက်အကူရမယ့် သီချင်းလေးတွေကို တင်ဆက်ထားပါတယ်။
မြန်မာ့ဂီတကို မြတ်နိုးပြီး မြန်မာတေးသီချင်းတွေကို သီဆိုပြီး မြန်မာစာ၊ မြန်မာစကား ကို လေ့လာနေတဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းက အသက် ၁၉နှစ်အရွယ် အမေရိကန်ကျောင်းသားလေး Tylet Davis ခေါ် ကိုဝင်းဟိန်း အကြောင်းပါ။
ကမ္ဘာကျော် ဂီတအနုပညာရှင်တွေရဲ့ ဂီတမှတ်တမ်း
ဖေဖော်ဝါရီ (၁၄)ရက်နေ့ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် အချစ်အကြောင်း သိပ္ပံနည်းကျ စူးစမ်းထားတာကို ဒီသီတင်းပတ် စကားပြောရအောင် မှာ နားဆင်ကြည့်ပါ။
ထင်ရှားတဲ့ အဆိုတော် တေးရေးဆရာ ဆောင်းဦးလှိုင်ဟာ ဂီတအနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်ရင်း တဘက်မှာ လည်း လူမှု အကျိုးပြုလုပ်ငန်းတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ကိုဆောင်းဦးလှိုင်ဟာ ကချင်နဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီဖို့ အမေရိကန် ပြည်ထောင်စုမှာလည်း ရန်ပုံငွေ လာရှာပါတယ်။ ဂီတ၊ အနုပညာ၊ လူမှုရေး၊ နိုင်ငံရေးနဲ့ အပြောင်းအလဲ အခြေအနေတွေ နဲ့ ပတ်သတ်ပြီး ကိုဆောင်းဦးလှိုင်နဲ့ စကားတွေ ပြောဖြစ်ခဲ့ပါတယ်။ နားဆင်ကြည့်ပါ။
မြန်မာလူငယ်တွေ သဘောကျတဲ့ သီချင်းလေး တပုဒ်ရဲ့ မူရင်းက တရုတ်သီချင်းတပုဒ်ပါ။ ဒီသီချင်းကို အာရှဒေသတလွှား ဘာသာမျိုးစုံနဲ့ ပြန်သီဆိုထားကြသလို အင်္ဂလိပ်လိုလည်း ပြန်သီဆိုထားတာပါ။ တရုတ်နိုင်ငံမှာ အထူးအောင်မြင်ကျော်ကြားသလို တခြားနိုင်ငံတွေမှာပါ အထူးပေါက်တဲ့ ဒီသီချင်းအကြောင်း တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်