ကိုရီယားနိုင်ငံက နာမည်ကြီး Big Bang အဖွဲ့ရဲ့ Seungri ပြည့်တန်ဆာလုပ်ငန်းနဲ့ပတ်သက်တယ်ဆိုပြီး တရားစွဲခံရလို့ သူ အနုပညာအလုပ်တွေ ဆက်မလုပ်တော့ဘူးပြောပါတယ်။ မအေးသန္တာကျော်က သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
နာမည်ကျော်အမေရိကန်ရုပ်သံဇာတ်လမ်းတွဲ Beverly Hill 90210 က မင်းသား Luke Perry ဦးနှောက်သွေးကြောပေါက်ပြီး ကွယ်လွန်သွားပါတယ်။ တလောကဆုံးသွားတဲ့ ဖက်ရှင်ဂုရုကြီး Karl Lagerfeld ရဲ့ နောက်ဆုံးလက်ရာ Chanel ဖက်ရှင်ရှိုးကို ပါရီမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ မအေးသန္တာကျော်က သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
ကမ္ဘာ့နာမည်ကျော် အဆိုတော် Shakira သူပေးရမယ့် အခွန်မပေးဘူးဆိုပြီး သူ့မိသားစုအိမ်ရှိတဲ့ စပိန်တရားရုံးက အမှုဖွင့်ထားပါတယ်။ ဗြိတိသျှ တော်ဝင်မင်းသား Harry ရဲ့ ကြင်ယာတော် အမေရိကန်ရုပ်ရှင်မင်းသမီး Meghan Markle မီဒီယာနဲ့ ဘယ်လို ရင်ဆိုင်နေရပါသလဲ။ မအေးသန္တာကျော်က သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
ကမ္ဘာ့ဖက်ရှင်လောကကြီးရဲ့ ဘုရင်တဆူလို့တောင် ဖက်ရှင်လောကမှာ တင်စားသုံးနှုံးတဲ့ ဖက်ရှင်ဒီဇိုင်နာ Karl Lagerfeld ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကွယ်လွန်သွားပါတယ်။ မအေးသန္တာကျော်က သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
ဘောလိဝုဒ်မင်းသား မင်းသမီးတွေရဲ့ ဖက်ရှင်ကိုဆုပေးကြတဲ့ပွဲမှာ အလှအပဆုံး၊ အသားနားဆုံးဝတ်စုံတွေနဲ့ မင်းသား မင်းသမီးတွေ ရောက်လာခဲ့ကြပါတယ်။ ဂျော်ဒန်နိုင်ငံက ဆောင်းရာသီပွဲတော်ကို အီတလီက နိုင်ငံကျော်အဆိုကျော်ကြီး လာပြီး ဖျော်ဖြေသွားခဲ့ပါတယ်။ မအေးသန္တာကျော်က သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
မကြာခင် ကျင်းပတော့မယ့် အော်စကာဆုချီးမြင့်ပွဲအတွက် တစ်ကြိုရွေးခံထားရသူ နှစ်စဉ်ထုံးစံအတိုင်း နေ့လည်စာ စားပွဲကျင်းပခဲ့ပြီး ဓါတ်ပုံစုရိုက်ခဲ့ကြပါတယ်။ နယူးယောက်ဖက်ရှင် သီတင်းပတ်မှာတော့ အမျိုးသားတွေအတွက် လွတ်လပ်တဲ့ ဖက်ရှင်ဖန်တီးမှုတွေကို တွေ့ခဲ့ကြရပါတယ်။ မအေးသန္တာကျော်က သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
Utah ပြည်နယ် နှင်းလျောစီးအပန်းဖြေစခန်းမှာ မင်းသမီး Gwyneth Paltrow က ဝင်တိုက်လို့ ဒဏ်ရာဆိုးဆိုးရခဲ့တယ်ဆိုပြီး အမျိုးသားတဦး တရားစွဲ၊ Hasty Pudding အကောင်းဆုံးမင်းသားဆု ဘယ်သူရသွားလဲ၊ မအေးသန္တာကျော်က သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
ဒီနှစ်အတွက် ဘယ်ရုပ်ရှင်ကားတွေ ဘယ်သရုပ်ဆောင်တွေ အော်စကာဆုအတွက် တစ်ကြိုရွေးခံရပါသလဲ၊ အစိုးရလုပ်ငန်းတွေ ရပ်တန့်နေရတဲ့အခြေအနေအတွက် သမ္မတ Trump ကို Lady Gaga ပြင်းပြင်းထန်ထန်ဝေဖန်သွားပါတယ်။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်မြောက်ပိုင်းမှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ဒီလအစောပိုင်းကတည်း က ပြန်ပြီးစလာတဲ့ စစ်ပွဲတွေကြောင့် ဒေသခံတွေ နေ့ညမဆိုင်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပြီး သူတို့နေအိမ်ကို ဘယ်တော့ ပြန်နိုင်မလဲ ဆိုတာလည်း မသိနိုင်သေးပါဘူး။
Pop အဆိုတော် Taylow Swift ကတော့ နှစ်သစ်ကူးလက်ဆောင်အဖြစ်နဲ့ သူ့ ဖျော်ဖြေရေးခရီးစဉ် ဗွီဒီယိုကို Netflix ကနေ လက်ဆောင်ပေးပါတယ်။ အမေရိကန် ဟောလီးဝုဒ်နဲ့ ဂီတလောကမှာလည်း လိင်ပိုင်းဆိုင်ရာမတော်တရော်မှုပြုမှုတွေ ဆက်တိုက်ကြားနေရပါတယ်။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
၂၀၁၉ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ မင်းသမီးတွေ ဘယ်လို ဖက်ရှင်တွေနဲ့ ပွဲတက်လာကြပါသလဲ။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
ဒီနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ ကမ္ဘာတဝှမ်းမှာ ခရစ္စမတ်သစ်ပင်တွေ ဘယ်လို ပြင်ဆင်ထားသလဲ၊ ဘယ်လို မီးထွန်းပွဲတွေနဲ့ အခမ်းအနားတွေ ကျင်းပကြသလဲဆိုတာ မအေးသန္တာကျော်က ပြောပြပါလိမ့်မယ်။
ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ကချင်တိုင်းရင်းသူ ဆိုင်းရော်စွန်ဖေါင် က အမေရိကန် အထက်လွှတ်တော် အမတ်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်
ဒီသီတင်းပတ် ရုပ်ရှင်ထဲက အင်္ဂလိပ်စာ အစီအစဉ်မှာတော့ 47 Meters Down ဇာတ်ကားထဲမှာ "Takes your breath away" ဆိုတဲ့အသုံးအနှုန်းကို ဘယ်လိုသုံးထားတယ် ဆိုတာ မအေးသန္တာကျော်က ပြောပြထားပါတယ်။
ပြင်သစ်က လူဝီဘုရင်ကြီးရဲ့ မိဖုရားကြီး မေရီအန်တွိုင်းနက် Marie Antoinette ရဲ့ လက်ဝတ်ရတနာတချို့ကို နိုဝင်ဘာမှာ လေလံတင်မှာ ဖြစ်ပါတယ်။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
နိုဝင်ဘာလသမ္မတသက်တမ်းဝက်ရွေးကောက်ပွဲကျင်းပဖို့ တလတောင်မလိုတော့တဲ့အချိန်မှာပဲဗဟိုတရားရုံးချုပ်တရားသူကြီးအဖြစ်တရားသူကြီးKavanaughကိုပြင်းထန်တဲ့ကန့်ကွက်မှုတွေကြားကအတည်ပြုလိုက်တာကြောင့်Republicanနဲ့Democratပါတီဘက်တက်ကြွလှုပ်ရှားမှုတွေပေါ်လာပါတယ်။Jim Maloneသတင်းပေးပို့တာကို မအေးသန္တာကျော် ဆက်ပြောပြပေးပါမယ်။
ကိုရီယားက နာမည်ကျော် Kpop BTS အဖွဲ့ ဟိုတပတ်ကပဲ အမေရိကန်ပြည်ထောင်စုနယူးယောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ လာ စကားပြော အဲဒီနောက် ဖျော်ဖြေပွဲတပွဲလည်း လုပ်သွားခဲ့ပြီး၊ ပြီးခဲ့တဲ့တပတ်ကပဲ လန်ဒန်သွား ဖျော်ဖြေခဲ့ပြန်ပါတယ်။ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော်တင်ပြပေးထားပါတယ်။
အသံမကြား ဘာမကြားနဲ့ လူမြင်ကွင်းကနေ ပျောက်နေတာ သုံးလတောင်ရှိသွားပြီဖြစ်တဲ့ ကမ္ဘာကျော် တရုတ်မင်းသမီးချောလေး Fan Bingbing တရုတ်ပြည်က Weibo လူမှုကွန်ယက်ပေါ် ပြန်ရောက်လာခဲ့ပါတယ်။ သုံးလလုံးလုံး ဘယ်ကိုပျောက် ဘာပြဿနာတွေ ဖြစ်နေတာပါလဲ။ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော်တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးမှူးဟောင်း Paul Manafort တရားစွဲရင်ခံနေရတာက Washington မြို့တော်မှာ ငွေသန်းထောင်ပေါင်းများစွာနဲ့ လည်ပတ်နေတဲ့ အကျိုးဆောင်လော်ဘီလုပ်ငန်းကြီးတခုလုံးကို တုန်လှုပ်စေပါတယ်။ Daria Dieguts ရဲ့ သတင်းလွှာကို မအေးသန္တာကျော် ဆက်ပြောပြပေးပါမယ်။
မကြာခင် ရုံတင်မယ့် Lady Gaga ရဲ့ ပထမဆုံးရုပ်ရှင် A Star is born ရုပ်ရှင်အထူးပွဲ Los Angeles မြို့မှာ ပြသသွားပါတယ်။ ဆယ်ကျော်သက်လေးတွေရဲ့ အသဲစွဲ K-Pop အဖွဲ့ ကုလသမဂ္ဂမှာ ဘာတွေ ပြောသွားခဲ့လဲ။ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော်တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်