အာရှဒေသနိုင်ငံ အများအပြားမှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်မှု ပြန်မြင့်တက်နေပြီး တောင်ကိုရီးယားမှာ ၆ လ ကျော် အတွင်း အမြင့်ဆုံး ပိုးကူးမှုအနေအထားပြန်ရောက်သလို ကူးစက်မှု ဆိုးဆိုးရွားရွားမြင့်တက်နေတဲ့ အင်ဒိုနီးရှားမှာ လူနာတွေအတွက် အောက်စီဂျင်မလုံလောက်မှု ပြဿနာကြီးနေပါတယ်။ မအေးသန္တာကျော် ပြောပြပေးပါမယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကြုံရပြီးချိန်မှ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပြန်အစပျိုးလည်ပတ်မှုကို ဇူလိုင် ၁ ရက်နေ့မှာပဲ ဖူးခက်ကျွန်း ခရီးသွားအစီအစဉ်နဲ့ ပြန်စတင်ပါတယ်။ ဖူးခက်က ဒေသခံတွေဝန်ထမ်းတွေကိုလည်း အစိုးရက ကိုဗစ်ကာကွယ်ဆေး ဦးစားပေး ထိုးပေးထားတာပါ။ ရိုက်တာသတင်းကို မအေးသန္တာကျော် ဆက်ပြောပြပေးပါမယ်။
ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာ ကပ်ဘေးကာလအတွင်း ဝင်ငွေထိုးကျခဲ့တဲ့ Taxi ဆရာတယောက် ဘယ်လို ရှင်သန်ရပ်တည်ဖို့ ကြိုးစားပါသလဲ၊ ရိုက်တာ သတင်းကို မအေးသန္တာကျော် ပြောပြပေးပါမယ်။
မြန်မာပြည်တွင်း သိန်းနဲ့ချီတဲ့ ပြည်တွင်းစစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲတွေ၊ မြို့ပေါ်တွေက နေ့စဉ်နီးပါး လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အာဏာသိမ်းစစ်ကောင်စီလုပ်ရပ် နိုင်ငံတကာရဲ့တုံ့ပြန်ချက်၊ ဒီလိုပြီးခဲ့တဲ့ သတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို မအေးသန္တာကျော်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကမ္ဘာပေါ်က တန်ဖိုးအမြင့်ဆုံး ကုန်အမှတ်တံဆိပ်တွေ၊ ကုမ္ပဏီတွေ စာရင်းထုတ်ပြန်တာမှာ အမေရိကန် ကုမ္ပဏီတွေက ထိပ်ဆုံးကဖြစ်ပြီး တရုတ်ကုမ္ပဏီတွေလည်း ထိပ်ဆုံးစာရင်းထဲမှာ ပါလာပါတယ်။ ရိုက်တာသတင်းကို မအေးသန္တာကျော် ဆက်ပြောပြပါမယ်။
ကိုဗစ်ကပ်ဘေးကာလအတွင်း နိုင်ငံရဲ့ ပင်မငွေဝင်တဲ့ ခရီးသွားလုပ်ငန်းပိတ်ထားရတဲ့ ထိုင်းနိုင်ငံမှာ သိပ်မကြာတော့တဲ့ ကာလအတွင်း ခရီးသွားလုပ်ငန်းကို အပြည့်ပြန်စတင်လည်ပတ်အောင် လုပ်ဆောင်နေပါတယ်။ ရိုက်တာသတင်းလွှာကို မအေးသန္တာကျော် ပြောပြပေးထားပါတယ်။
၃ မိနစ်တိုင်းမှာ လူတဦးဟာ အိုးအိမ်စွန့်ခွာနေရပ်ပျောက်နေရတာပါ။ လူ ၉၇ ဦးမှာ တဦးက ခိုလှုံခွင့်တောင်းခံသူ၊ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာပြေးရသူ (IDP) သို့မဟုတ် ဒုက္ခသည် ဖြစ်ကြရပါတယ်။
တောင်အာဖရိကနိုင်ငံ ရွာလေးတရွာရဲ့ ကွင်းပြင်မှာတွေ့တဲ့ ကျောက်တုံးလေးတခုကြောင့် လူတွေအများကြီး အဲဒီနေရာကို လာရောက်နေပါတယ်။ စိန်တွေ့တယ်ဆိုတဲ့ သတင်းကြောင့် ခုလိုရောက်လာချိန်မှာ အစိုးရကလည်း ဒီကျောက်တုံးလေးက ဘာကျောက်လဲဆိုတာ အဖြေရှာနိုင်ဖို့ ကြိုးစားနေပါတယ်။ AP သတင်းတပုဒ်ကို မအေးသန္တာကျော် တင်ပြထားပါတယ်။
ကမ္ဘာတဝန်းကို ပြင်းပြင်းထန်ထန် ရိုက်ခတ်စေတဲ့ ကိုဗစ် ၁၉ ကပ်ဘေးကြောင့် ရောဂါမကူးစက်အောင် သီးသန့်ခွဲထားသူတွေနဲ့ အဓိက ဆက်ဆံပေးနိုင်မယ့် စက်ရုပ်မလေး တရုပ်ကို ဟောင်ကောင်မှာ တီထွင်လိုက်ပါတယ်။ ရိုက်တာသတင်းကို မအေးသန္တာကျော် ဆက်ပြီး ပြောပြပါမယ်။
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို သတ္တဗေဒအသင်း ကြေညာချက်မှာတော့ “Cooby နေရာကို ဘယ်သူနဲ့မှ အစားထိုးလို့မပါဘူး။ အားလုံးအထူးဝမ်းနည်းကြေကွဲရပါတယ်။” လို့ ဖော်ပြထားပါတယ်
မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီး သတင်းမီဒီယာတွေကို နှိပ်ကွက်မှုတွေကြား သတင်းထောက်တွေလည်း ဖမ်းဆီးခံရတာတွေကြောင့် သတင်းထောက်တွေတော်တော်များများ တိမ်းရှောင်နေကြရပါတယ်။ မြန်မာနိုင်ငံက ထင်ရှားတဲ့သတင်းထောက်တဦးဖြစ်သူ ကိုမရတ်ကျော်သူ လည်း အခုဆို စပိန်နိုင်ငံမှာ ရောက်ရှိနေတာပါ။ မအေးသန္တာကျော် တင်ဆက်ပေးပါမယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တိုးမြင့်နေတာကြောင့် သူနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မလေးရှားနဲ့ နယ်စပ်ကို ပိတ်ထားရပြီး မလေးရှားမှာလည်း သီတင်း ၂ ပတ်တာ ကန့်သတ်ပိတ်ပင်မှုတွေ တင်းကျပ်ထားပါတယ်။ မလေးရှားနိုင်ငံ အခြေအနေ ရိုက်တာသတင်းလွှာကို မအေးသန္တာကျော် တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နေပြီး အရေအသွေးပြည့်မီကြောင်း စစ်ဆေးပြီးပြီလို့ ဆေးထုတ်လုပ်တဲ့ ထိုင်းကုမ္ပဏီကပြောပါတယ်။ ဒီဆေးအပါအဝင် နိုင်ငံခြားက ဆေးတွေနဲ့ပါပေါင်းပြီး နိုင်ငံက လူအများစုကို ဒီနှစ်ကို ဆေးအပြီးထိုးပေးဖို့ အစီအစဉ်ရေးဆွဲထားတာပါ။ မအေးသန္တာကျော် စုစည်း တင်ပြပါ့မယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်နေပြီး အစိုးရက ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ ကာကွယ်ဆေး ထိုးတာတွေ စလုပ်နေပေမဲ့ နိုင်ငံလူဦးရေရဲ့ ၃ % လောက်ပဲ နှစ်ကြိမ်ထိုးရတဲ့ ကိုဗစ်ကာကွယ်ဆေးရဲ့ တလုံးသာ ထိုးရသေးတာပါ။ အေပီသတင်းကို မအေးသန္တာကျော် တင်ပြထားပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်နေပြီး အစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်ပေးနေတာပါ။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တတိယလှိုင်းနဲ့ ရင်ဆိုင်နေရပြီး ကူးစက်မှုမြင့်တဲ့ ဒေသတွေမှာ အဝင်အထွက်တွေ ပိတ်ထားပါတယ်။ ကာကွယ်ဆေးကိုတော့ ဇွန်လထဲမှာ ကျယ်ကျယ်ပြန့်ပြန့်စတင်ထိုးပေးမှာမို့ ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်မယ်လို့ အာဏာပိုင်တွေက ယုံကြည်ပါတယ်။ AP သတင်းကို မအေးသန္တာကျော် ပြောပြပေးပါမယ်။
[Unicode] သတငျးအပွည့ျအစုံ စာသားဖွင့ျဖတျရှုရနျ - https://bit.ly/2SqpMCt [Zawgyi] သတင်းအပြည့်အစုံ စာသားဖြင့်ဖတ်ရှုရန် - https://bit.ly/2SqpMCt
ကိုဗစ် တတိယလှိုင်းဒဏ် ခံနေရတဲ့ ထိုင်းနိုင်ငံမှာ သံဃာတော်တွေကို ကာကွယ်ဆေးထိုးပေးနေတဲ့ အစီအစဉ်အကြောင်း မအေးသန္တာကျော်က ပြောပြပါလိမ့်မယ်။
အာရှနိုင်ငံတွေက ကိုဗစ်ကူးစက်မှုသတင်းတွေကို မအေးသန္တာကျော် စုစည်းတင်ပြထားပါတယ်။
ဧပြီလလယ်လောက်ကစပြီး ပိုးကူးသူ ဒီကနေ့အနည်းဆုံးရောက်လာတာဖြစ်ပြီး မေလ၇ ရက်နေ့ကဆိုရင်တရက်ထဲပိုးကူးသူ ၄ သိန်း ၁ သောင်းကျော်ထိရောက်ခဲ့ပါတယ်။ ပိုးကူးသူသစ် တဖြည်းဖြည်းကျလာတယ်ဆိုပေမယ့် ကိုဗစ်ကာကွယ်ဆေးတွေ ပြတ်လပ်နေတဲ့အတွက် အစိုးရပိုင်းက အတော့်ကို စိုးရိမ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်