သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီအထူးရှားပါးပြီး ကားဆီထည့်ဖို့ ညအိပ်ညနေ တန်းစီရတာတောင် ရှိပါတယ်။ အိန္ဒိယမှာ ဟင်းချက်ပြီးလွှင့်ပြစ်ရမယ့် လက်ကျန်ဆီနဲ့ ကားဆီထည့်ပြီးမောင်းနိုင်ဖို့ အင်ဂျင်နီယာတယောက် တည်ထွင်ထားပါတယ်။ မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ဟောလီးဝုဒ်နာမည်ကျော် အနုပညာရှင် ၂ ဦး ဖြစ်တဲ့ Jennifer Lopez နဲ့ Ben Affleck တို့ ဇူလိုင် ၁၆ စနေနေ့ကပဲ လက်ထပ်လိုက်ကြပါတယ်။ သူတို့ ၂၀၀၃ ခုနှစ်မှာ လက်ထက်ဖို့ စီစဉ်ထားတာ ပျက်သွားပြီးမှ အခု နှစ် ၂၀ နီးပါးအကြာမှာ တကယ်လက်ထပ်လိုက်တာပါ။ မအေးသန္တာကျော် ပြောပြထားပါတယ်။
သီရိလင်္ကာ တနိုင်ငံလုံးစီးပွားပျက်ပြီး လူထုအတွက် လောင်စာပြတ်လပ်၊ စားရေရိက္ခာ ရှားပါးနေချိန်မှာ သမ္မတက ပြည်ပကို ထွက်ပြေးသွားခဲ့ပါတယ်။ နိုင်ငံက ဒေဝါလီခံကိန်းဆိုက်လို့ ပိုအခြေအနေတွေ ဆိုးမယ်လို့တော့ သမ္မတက ပြောသွားတာပါ။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့VOA ရဲ့ ပိုလီဂရပ်ဖ်အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ဇူလိုင်လ ဒုတိယပတ်အတွင်း ကယား (ကရင်နီ) ပြည်နယ်က မြို့နယ် ၃ ခုမှာ တိုက် ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNDF က ဒီနေ့ထုတ်ပြန်ထားပြီး ဘော်လခဲနယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်လို့ ဒေသခံတွေ တိမ်းရှောင်ကြရပြီး အခက်အခဲကြုံနေကြတယ်လို့လည်း ပြောပါတယ်။
သီရိလင်္ကာနိုင်ငံမှာ နိုင်ငံစီးပွားပျက်သုန်းရတဲ့ အခြေအနေကို မကျေနပ်တဲ့ ပြည်သူတွေ သမ္မအိမ်တော်ထဲထိ ဝင်ဆန္ဒပြကြတာပါ။ စပိန်နွားရိုင်းဖမ်းပွဲတော်မှာ နွားဝှေ့ခံရလို့လူတွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ဗုဒ္ဓဘာသာဝင်တဦးဖြစ်ပြီး တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ တပည့် ၊ ဟောလီးဝုဒ်မင်းသား ရစ်ချက်ဂီရီကို ဒလိုင်လားမားရဲ့ မွေးနေ့ပွဲမှာတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံ ဒရမ်ရှာလာမြို့မှာ ကျင်းပတဲ့ မွေးနေ့ပွဲကို စည်စည်ကားကားကျင်းပခဲ့ကြတာပါ။ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
ယူကရိန်းနိုင်ငံမှာ ၂၀၁၈ တုန်းကမှ ပြုပြင်မွမ်းမံထားတဲ့ အမှတ် ၆၆ ကျောင်းဟာ Mariupol မြို့ ဂုဏ်ဆောင် ဖြစ်ပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်း ရုရှားကျူးကျော်စစ် စတင်တဲ့နောက်ပိုင်း ဒီကျောင်း ဗုံးကျဲခံခဲ့ရတာကြောင့် ပျက်စီးသွားပါတယ်။ မအေးသန္တာကျော်က က တင်ဆက်ထားပါတယ်။
အမေရိကန်လွတ်လပ်ရေးနေ့အတွက် ဂုဏ်ပြုစကားမပြောကြားနိုင်ဘူးလို့ ရုရှားကပြောပါတယ်။ ဟောင်ကောင်ကမ်းလွန်ပင်လယ် မုန်တိုင်းထဲမှာ ၂ ပိုင်းပြတ် သင်္ဘောပေါ်က ကယ်ဆယ်ရေး စတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တိဘတ်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ မွေးနေ့ပွဲကို သူအခြေစိုက်နေထိုင်တဲ့ အိန္ဒိယနိုင်ငံ ဟီမာချာပရာဒက်ချ်ပြည်နယ်၊ ဒါရမ်ရှာလာမြို့မှာ ကျင်းပခဲ့ပါတယ်။ အမေရိကန်မင်းသား ရစ်ချတ်ဂီယာအပါအဝင် ဒလိုင်လားမားကို ကိုးကွယ်ဆည်းကပ်သူတွေ တက်ရောက်ခဲ့တာပါ။
အာဖရိကနိုင်ငံ မော်ရိုကိုနိုင်ငံကနေ ဥရောပနိုင်ငံ စပိန်နိုင်ငံကို နယ်စပ်ခြံစည်းရိုးကျော်ပြီး ဝင်ရောက်ဖို့ လူအုပ်နဲ့ လုပ်ခဲ့ကြတာမှာ သေဆုံးမှုများပြားခဲ့ပြီး ဒီကိစ္စကို သီးခြားစုံစမ်းဖော်ထုတ်ပေးဖို့ ၂ နိုင်ငံလုံးမှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးက ဒီတခါတင်မက မကြာခဏဖြစ်တတ်တာပါ။
အမေရိကန်ပြည်ထောင်စုမှာ ဇူလိုင်လ ၄ ရက်နေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတလွှား ပျော်ပွဲရွှင်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ ကျင်းပပြီး မြို့ကြီးတွေမှာ အစိုးရစီစဉ်တဲ့ မီးရှုးမီးပန်း ပစ်လွှတ်တာတွေ၊ မြို့နယ် ရပ်ကွက်၊ မိသားစုတွေအလိုက် မီးရှုးမီးပန်းဖောက်တာတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။
နာမည်ကျော် အမေရိကန်ပေါ့ပ်အဆိုတော် တေလာဆွိစ်ဖ် သူ့ချစ်သူနဲ့ စေ့စပ်တယ်လို လန်ဒန်သတင်းစာမှာ ပါလာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတော့ လန်ဒန်မြို့တော်မှာ လိင်တူချစ်သူတွေရဲ့ Pride ပွဲတော် ကျင်းပခဲ့ပါတယ်။ ဒီလို ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာသတင်းတွေကို မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
ဗြိတိန်အစိုးရဟာ နျူကလီးယားလက်နက်နဲ့ပတ်သက်ပြီး ရုရှားကိုမဟုတ်မမှန်လုပ်ကြံပြောဆိုမှုတွေလုပ်နေတယ်လို့ရုရှားကစွပ်စွဲနေပါတယ်။ ဗြိတိန်နိုင်ငံကို နျူကလီးယားလက်နက်ပြပြီး ခြိမ်းခြောက်ပြောဆိုတာတွေလုပ်ပါတယ်။ သူတို့ ပြောတာမှန်ပါသလား။ အချက်အလက်အခြေခံပြီးမှားမှန်အတည်ပြုထားတဲ့ ပိုလီဂရပ်ဖ်အစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ဟာ မိတ်ဆွေမပီသလို့ အမေရိကန်လွတ်လပ်ရေးနေ့မှာ ချီးကျူးစကားမဆိုဘူးလို ရုရှားအစိုးရက ပြောပါတယ်။ ယူကရိန်းသမ္မတ ကတော့ အမေရိကန်သမ္မတနဲ့ အမေရိကန်ပြည်သူတွေအတွက် ဆုတောင်းမေတ္တာပို့သပါတယ်။
ဟောင်ကောင်ကျွန်း အနောက်တောင် ၁၈၅ မိုင်လောက်က ပင်လယ်ပြင်မှာ စက်ပြင်သင်္ဘော မုန်တိုင်းမိပြီး နစ်မြုပ်သွားပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါသွားတဲ့ ဝန်ထမ်း ၃၀ ထဲကနေ အခုထိ ၄ ဦးပဲ အသက်ရှင်ရက် ကယ်ဆယ်မိထားပါတယ်။ ရုပ်အလောင်းတချို့ ဆယ်ယူရထားပြီး ကျန်သူတွေ ပျောက်ဆုံးနေဆဲပါ။
ယူကရိန်းကို ကူညီမှုတွေ ထပ်တိုးပေးဖို့ နေတိုးစည်းဝေးပွဲမှာ ဆွေးနွေး၊ သန္ဓေသားဖျက်ခွင့်ဆိုင်ရာ တရားရုံးပြောင်းလဲ ဆုံးဖြတ်တာကြောင့် ကန့်ကွက်မှုတွေ ထွက်ပေါ်၊ ဖိလစ်ပိုင်သမ္မတသစ် မားကို့စ် ဂျူနီယာ ကျမ်းသစ္စာကြိမ်ဆို၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအေးသန္တာကျော် တင်ပြထားပါတယ်။
တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှာ ဝီဂါလူနည်းစု မွတ်ဆလင်တွေကို လူမျိုးတုန်းအောင်လုပ်တဲ့ အစီအစဉ်တွေနဲ့ ထားတယ်ဆိုတာ တရုတ်ကိုလာသွားတဲ့ ကုလလူ့အခွင့်အရေးအဖွဲ့အကြီးအကဲ ဘာအထောက်အထားမှ မတွေ့တဲ့အကြောင်း တရုတ်က ပြောပါတယ်။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ်အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ဂျော်ဒန်နိုင်ငံ အကာဘာဆိပ်ကန်းမှာ ကလိုရင်းတိုင်ကီကြီး ကရိန်းနဲ့ သဘောၤပေါ်တင်တုန်း ပြုတ်ကျပြီး ပေါက်ကွဲမှုဖြစ်လို့ လူဆယ်ဂဏန်းသေဆုံးရသလို လူ ၂၀၀ ကျော် နေမကောင်းဖြစ်သွားခဲ့တာပါ။ အခင်းဖြစ်တဲ့နေရာနဲ့ အနီးဆုံးလူနေရပ်ကွက်က ၁၅ မိုင်လောက်ဝေးတာပါ။
အင်ဒိုနီးရှား တောင်ဆူလာဝေစီကျွန်းက ရွာလေးတရွာမှာ ရေထဲကနေ ရောက်လာတဲ့ မိချောင်းကြီးတကောင်ကို ရွာခံ သားအဖ ၂ ယောက် ကြိုးကွင်းစွပ်ပြီး ဖမ်းလိုက်ကြပါတယ်။ လူတွေအတွက်လည်း အန္တရာယ်ရှိ၊ နေ့စဉ်လူနေမှုလုပ်ငန်းတွေလည်း အနှောင့်အယှက်ဖြစ်လာနိုင်တဲ့အတွက် အခုလိုဖမ်းဖို့ အရဲစွန့် ဆုံးဖြတ်ရတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
ဟောလီးဝုဒ်ရုပ်ရှင်ထဲမှာ အဏ္ဏဝါရေပြင်ကို စောင့်ရှောက်သူ အခုတော့ ကမ္ဘာ့သမုဒ္ဒရာရေပြင်ကို စောင့်ရှောက်ဖို့ ကြံနေပါတယ်။ Aquaman ရုပ်ရှင်ရဲ့ ဇာတ်လိုက်မင်းသား Jason Momoa က ကုလသမဂ္ဂနဲ့လက်တွဲပြီး သမုဒ္ဒရာရေပြင်စောင့်ရှောက် ကာကွယ်ရေး လုပ်ဆောင်တာပါ။ မအေးသန္တာကျော် ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်